နေပြည်တော် ၊ နိုဝင်ဘာ ၅

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းမှု လေးနှစ်နီးပါးအကြာ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို လာမယ့်ရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီက တ ရားဝင်သတင်းထုတ်ပြန်လာပါတယ်။

အဲဒီခရီးစဉ်ကို တရုတ်နိုင်ငံက ဖိတ်ကြားတာဖြစ်ပြီး နိုဝင်ဘာ ၆ ရက်ကနေ ၇ ရက်နေ့အထိ ကူမင်းမြို့ မှာ ပြုလုပ်မယ့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ GMS ထိပ်သီးအစည်းအဝေးကို စစ်ခေါင်း ဆောင်က တက်ရောက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၁ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာ ဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား – မြန်မာ – လာအို – ဗီယက်နမ် ပူး ပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ဖို့ ရှိနေတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပခရီးစဉ်တွေနဲ့ ခြေလှမ်းကျဲကျဲသာရှိနေပြီး ရုရှားနဲ့အင်ဒိုနီးရှားနိုင်ငံကိုသာ သွား‌ရောက်ခဲ့ရာကနေ အခုအခါမှာ တတိယမြောက်အဖြစ် တရုတ်နိုင်ငံကို သွားဖို့ ဖြစ်လာပါတယ်။

တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီဘက်ကို ယိမ်းနေပြီလို့ မြန်မာပြည်သူတွေရဲ့ ဝေဖန်သံတွေကြားကနေ အခုလိုစစ်ခေါင်းဆောင်ကို ဖိတ်ကြားမှုဟာ တရားဝင်အသိအမှတ်ပြုလိုက်ပြီလားဆိုတဲ့ မေး ခွန်းတွေလည်း ကျယ်လောင်နေတာပါ။

တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော်က စစ်ကောင်စီဟာ လက်တွေ့အုပ်ချုပ်နေတဲ့ အစိုးရဖြစ်တဲ့အတွက် မြန်မာပြည်အရေးကိစ္စတွေနဲ့ပတ်သက်ရင် ဆက်ဆံရတာပဲလို့ သုံးသပ်ပါတယ်။

“ဆက်ဆံတာနဲ့ တရားဝင်အသိအမှတ်ပြုတာကွာတယ်ဗျ။ ဆက်ဆံရတာက မြန်မာပြည်အရေးကိစ္စတွေနဲ့ ပတ်သက်လာရင် သူတို့က (စကစ) ဘာပဲဖြစ်ဖြစ် De facto Government ပေါ့။ လက်တွေ့ အုပ်ချုပ်နေတဲ့ အစိုးရဖြစ်ပြီးတော့ ဆက်ဆံရတာပေါ့။ အခုလုပ်တဲ့ဟာကလည်း မဲခေါင်မြစ်ဝှမ်းဒေသက နိုင်ငံ ၆ နိုင်ငံပါတဲ့ အစည်းအဝေးပေါ့။ အစိုးရခေါင်းဆောင်တွေ အစိုးရတာဝန်ခံတွေ ဖိတ်တော့ဖိတ်ရတာပေါ့ဗျာ။ မြန်မာပြည်က ပါမှဖြစ်မှာကိုး၊ အဲဒါကြောင့် မြန်မာပြည်ရဲ့ အစိုးရတစ်ရပ်အနေနဲ့ သူကလည်း (မအလ) သူ့ကိုယ်သူ ဝန်ကြီးချုပ်လုပ်ထားတာကိုး။ အဲဒါကြောင့် ဖိတ်လိုက်ရတာ ဖြစ်မှာပေါ့”လို့ ဆိုပါတယ်။

မဟာမဲခေါင်ဒေသခွဲ GMS ထိပ်သီးအစည်းအဝေးဟာ သုံးနှစ်တစ်ကြိမ်ပြုလုပ်တာဖြစ်ပြီး GMS အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ မြန်မာအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ ပါဝင်ပြီး အစိုးရအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တစ်ဘက်မှာ စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်အတွင်း တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်အောင် ဆွေးနွေးမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ရွေးကောက်ပွဲအပါအဝင် လက်ရှိ တိုက် ပွဲတွေအပေါ် မြောက်ပိုင်းအဖွဲ့တွေကို ဘယ်လိုညှိနှိုင်းပြီး အခြေအနေတည်ငြိမ်အောင် လုပ်ရမယ်ဆိုတာ ပူးပေါင်းကြံစည်ဖို့ ကြိုးစားတာလို့ သုံးသပ်ပါတယ်။

“လက်ရှိကတော့ တိုက်ပွဲမငြိမ်မသက်ဖြစ်နေတဲ့ ကိစ္စတွေကို သူတို့ ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ဟာ အဖြေရှာဖို့ ညှိနှိုင်းဖို့ဆိုတာမျိုး စဉ်းစားမယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ တစ်ဘက်မှာ စစ် တပ်အနေနဲ့ သွားတဲ့ကိစ္စ သူတို့လုပ်လာမယ့် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေမှာ ထောက်ပံ့ကူညီမှု ဒါမှမဟုတ် ထောက်ခံအားပေးမှု ရလိုတဲ့သဘော။ အထူးသဖြင့် သူ့ရဲ့ (စစ်တပ်/စကစ) ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်က‌နေ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာကို လက်ခံမှုရှိလာဖို့ရယ်။ နောက်ပြီးတော့ ဒီဘက်မှာရှိနေတဲ့ စုပေါင်းပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ကိစ္စရယ်။ MNDAA TNLA နောက် KIA စသဖြင့် အဲဒီလိုမျိူး ရှိနေတဲ့ဟာမှာ ဘယ်လိုချိတ်ဆက်ညှိနှိုင်းမလဲ အခြေအနေတည်ငြိမ်အောင်လို့ လုပ်လို့ရမယ် ထိန်းချုပ်လို့ရမလဲဆိုတာ သူ့အနေနဲ့ ပူးပေါင်းကြံ စည်ဖို့ ကြိုးစားတယ်လို့ပဲ နားလည်လို့ရပါတယ်ခင်ဗျာ”လို့ ဆိုပါတယ်။

တရုတ်အစိုးရအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအပေါ် အခုနှစ်လယ်ပိုင်းက စတင်ကာ သံတမန်ရေးရာအရ ထိတွေ့ဆက်ဆံမှု ကောင်းမွန်လာသလို မြန်မာ့အရေးမှာလည်း နောက်ကွယ်ကနေ ဝင်ရောက်စွက်ဖက်တာတွေ ပြုလုပ်လာခဲ့တာပါ။

စစ်ကောင်စီကို အထိနာစေခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တိုင်းစစ်ဌာနချုပ်တစ်ခုကို အရယူနိုင်ခဲ့တဲ့ MNDAA အပါအဝင် TNLA နဲ့ KIA တို့ကို တိုက်ပွဲတွေရပ်တန့်ဖို့ တရုတ်အစိုးရက ဖိအားပေးခဲ့ပါတယ်။

ဒေါက်တာ လှကျော်ဇော်ကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့ တ ရုတ်အစိုးရက ကြိုးစားနေတာမို့ စစ်ခေါင်းဆောင်နဲ့ တွေ့တုန်း ဆွေးနွေးနိုင်တယ်လို့ ပြောပါတယ်။

“၁၀၂၇ ပြီးကတည်းက တရုတ်က နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့ အများကြီး ကြိုးစားနေတာဖြစ်တော့ ဒီစစ်ကောင်စီနဲ့ တွေ့တုန်းတွေ့ခိုက်လည်း ဆွေးနွေးစရာတွေ ရှိနိုင်တယ်။ နောက်ကျွန်မ ကြားတာလည်း ကူမင်းမှာတချို့ မြောက်ပိုင်းအဖွဲ့က ခေါင်းဆောင်တွေ ရောက်နေတယ်လို့ ကြားပါတယ်။ အဲဒီတော့ ဆွေးနွေးပွဲတွေ ဖြစ်ချင်လည်း ဖြစ်လာနိုင်တာပေါ့ဗျာ”လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ပြည်တွင်းအခြေအနေ ပြန်လည်တည်ငြိမ်ရေးကို ဖော်ဆောင်သွားဖို့ မျှော်လင့်တဲ့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားဖို့ ဆန္ဒရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

စစ်ကောင်စီကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေကို လက်နက်စွန့်ခိုင်းကာ တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ အောက် တိုဘာမှာ ဖိတ်ခေါ် ကမ်းလှမ်းထားတာပါ။

ဒီအပေါ် စနစ်ပြောင်းတော်လှန်ရေးကို ဦးတည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် NUG၊ NUCC နဲ့ PDF တွေက ပြတ်ပြတ်သားသား ငြင်းပယ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CINCDS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.