October 25, 2024

မြန်မာ့အရေး တရုတ်အစိုးရအပေါ် ပြည်သူတွေဝေဖန်မှုမြင့်တက်နေ

မော်လမြိုင် ၊ အောက်တိုဘာ ၂၆ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး အိမ်နီးချင်းတ ရုတ်နိုင်ငံအစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုအပေါ် မြန်မာပြည်သူတွေကြား ဝေဖန်မှုမြင့်တက်နေပါတယ်။ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ ပိုစ့်တွေအောက်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ရပ်တန်းကရပ်ဖို့ မှတ်ချက်ပြု ရေးသားနေကြတာပါ။ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို အလေးထားပြီး မြန်မာပြည်သူတွေကို သတ်…

မွန်ပြည်နယ်က ပွဲလမ်းသဘင်တွေမှာ လောင်းကစားဝိုင်းတွေကို ကြက်ပျံမကျ ကျင်းပခွင့်ပြုနေ

မော်လမြိုင် ၊ အောက်တိုဘာ ၂၆ မွန်ပြည်နယ်မှာ အခုနှစ်ပွင့်လင်းရာသီအတွင်း စစ်ကောင်စီဘက်က ကျင်းပခွင့်ပြုထားတဲ့ ပွဲလမ်းသ ဘင်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ လောင်းကစားဝိုင်းတွေကို ကြက်ပျံမကျ ထည့်သွင်းလာတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ ပွဲလမ်းသဘင်တွေနဲ့ စည်းကားစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေရဲ့ ပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ လောင်းကစားဝိုင်းတွေကို ပေါ်…

ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်လင်မယားကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ KNU ပြော

ကျိုက်ထို၊ အောက်တိုဘာ ၂၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ဗိုလ်လင်မ ယားနှစ်ဦးကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ KNU သထုံခရိုင်အ တွင်းရေးမှူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုအခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က စစ်ဗိုလ်လင်မယား နှစ်ဦးဟာ ပြီးခဲ့တဲ့ အောက် တိုဘာ ၁၂ ရက်နေ့က သုံးခွကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

ရွှေကျင်မှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦးဒဏ်ရာရ

ရွှေကျင်၊ အောက်တိုဘာ ၂၆ ပဲခူးတိုင်းရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၄၄၀ ခြေမြန် တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကွင်းဆိပ်ကျေးရွာထဲ ၈၁ မမ လက်နက်ကြီးတစ်လုံး…

တနင်္သာရီတိုင်းက စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကို တော်လှန်ရေးတပ်တွေ ဘယ်လိုကာကွယ်နေလဲ။

“စစ်ကောင်စီကတော့ နယ်မြေစိုးမိုးမှု ဆိုတာထက် ကျွန်တော်တို့ရဲ့ထိန်းချုပ်နယ်မြေတွေကို သူတို့က ပြန်လည်ရယူချင်တဲ့ သဘောပဲ။ သူတို့က မြို့နဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို ပြန်ပြီးတော့ စိုးမိုးနယ်မြေအဖြစ် ပြန်ရအောင် လုပ်နေတဲ့သဘော တွေ့ရတယ်” – ရဲဘော်ဂျိုကာ (တနင်္သာရီတိုင်း စစ်ဌာန) မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေရတဲ့ အနေအထားမှာရှိပါတယ်။ စစ်ကောင်စီက…

ယူကရိန်း လက်နက်ဝယ်ယူဖို့ ဗြိတိန်က ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထည့်ဝင်မယ်

လန်ဒန်၊ အောက်တိုဘာ ၂၅ ယူကရိန်းအတွက် လက်နက် ဝယ်ယူဖို့နဲ့ ပျက်စီးသွားတဲ့ အခြေခံ အဆောက်အအုံတွေ ပြန်လည် တည်ဆောက်ဖို့ ဂျီ-၇ အဖွဲ့ရဲ့ ပိုကြီးမားတဲ့အကူအညီ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဗြိတိန်က ကိဗ် အစိုးရကို ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ ဗြိတိန်က လှူဒါန်းတဲ့ ငွေတွေဟာ ယူကရိန်းအတွက် လက်နက်တွေ…

ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ BRICS အဖွဲ့ရဲ့ မိတ်ဖက်တွေ ဖြစ်လာ

စင်ကာပူ၊ အောက်တိုဘာ ၂၅ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်စတဲ့ အရှေ့တောင်အာရှ လေးနိုင်ငံဟာ အနောက်တိုင်းကို တုံ့ပြန်မယ့် စီးပွားရေး အင်အားစု တစ်ခုလို့ ရှုမြင်ခံထားရတဲ့ BRICS အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်လာပါတယ်။ BRICS အဖွဲ့ရဲ့ X လူမှုမီဒီယာအကောင့်မှာတော့ အဲဒီနိုင်ငံတွေ အပါအဝင် ၁၃ နိုင်ငံဟာ မိမိတို့ မဟာမိတ်အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေ…

ရွှေကျင်မှာ လက်နက်ကြီးကျလို့ အရပ်သား သုံးဦး ဒဏ်ရာရ

ရွှေကျင်၊ အောက်တိုဘာ ၂၅ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၄၄၀ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကွင်းဆိပ်ကျေးရွာထဲ ၈၁…

ထိုင်းမှာ PDF ၁၃ ဦး ဖမ်းဆီးရမိတယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ PDF ၁၃ ဦးအား ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တယ်”ဆိုပြီး ဓာတ်ပုံတစ်ပုံနဲ့ စစ်တပ်လော်ဘီတွေက လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်…