October 24, 2024

တနင်္သာရီ တန်ပြန်စစ်ဆင်ရေးမှာ စစ်ကောင်စီ တိုက်ခိုက်ရေးဒရုန်းတွေ ပိုသုံးလာ

တနင်္သာရီ၊ အောက်တိုဘာ ၂၄ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အကြီးစား တိုက်ခိုက်ရေးဒရုန်းတွေကို ပိုမိုအသုံး ပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ်းရိုးတန်း တိုင်းစစ်ဌာချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး တိုက်ခိုက်ရေးဒရုန်းတွေကို အဓိကထား အသုံးပြုလာတာပါ။ ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့အတွက်လည်း…