သီပေါ၊ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းကို အပြီး သတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သီပေါမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့ TNLA က အောက် တိုဘာ ၁၄ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သီပေါမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၂၃ ခြေလျင်တပ်ရင်းကို တအာင်းတပ်မတော် TNLA က အောက်တိုဘာ ၁၂ ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကာင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးတာမှု လက်နက်ခဲယမ်း သိမ်း ဆည်းရမိတဲ့ အခြေအနေကိုတော့ အသေးစိတ် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒါပေမယ့် သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ခမရ ၅၀၃ နဲ့ ၅၀၄ တပ်စခန်းမှ ဖမ်းဆီးရမိတဲ့ တပ်မိသားစုဝင် ၁၉၁ ဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ လူသားချင်းစာနာထောက် ထားတဲ့အနေနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကားလေးစီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့မှာ သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ခမရ ၅၀၃ တပ်စခန်းကို တအာင်းတပ်မ တော်မှ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်အတွင်းရှိ တပ်မိသားစုဝင် ၁၀၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

အလားတူ စက်တင်ဘာ ၂၇ ရက်နေ့မှာလည်း ခမရ ၅၀၄ တပ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့ပြီး တပ်အတွင်းရှိ တပ်မိသားစု ၈၉ ဦးကို ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးမှ ဖမ်းဆီးထားတဲ့ တပ်မိသားစုဝင်တွေကို လူသားချင်းစာနာတဲ့အနေနဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။

သီပေါမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို အပြင်းအထန် ပြု လုပ်နေတဲ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေပါ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

သီပေါမြို့ဟာ တရုတ်နိုင်ငံရဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့အတွက် ဩဂုတ် ၂၉ ရက်နေ့က သတိ ပေးစာပေးပို့ခဲ့တဲ့ကြားက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး တအာင်းတပ်မတော်မှ အလုံးစုံထိန်းချုပ် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.