ထားဝယ်၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်မြစ်ကမ်းက စက်သုံးဆီတင်သင်္ဘော မီးလောင်မှုမှာ သေ ဆုံးသူ ၈ ဦး ရှိပြီး ၃ ဦး မီးလောင်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ထားဝယ်မြို့နယ် ကြက်စာပြင်ရပ်ကွက်ရှိ ထားဝယ်မြစ်ကမ်းမှာ ရပ်နားထားတဲ့ စက်သုံးဆီတင် သင်္ဘောတစ်စီးဟာ အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်မှာ ပေါက်ကွဲမှု ဖြစ်ပြီး မီး လောင်ခဲ့တာပါ။

စက်သုံးဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲမှုဟာ အဲဒီနေ့ညနေပိုင်းမှစပြီး တစ်ညလုံးမီးလောင်ကျွမ်းနေခဲ့ပြီး ဒီနေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှသာ မီးငြိမ်းသက်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သင်္ဘောမီးလောင်မှု ဖြစ်စဉ်အတွင်း အလုပ်သမား ၈ ဦး သေဆုံးခဲ့ပြီး မီးလောင်ဒဏ်ရာရရှိသူ ၃ ဦးရှိတယ်လို့ ထားဝယ်ဇဗ္ဗူသီရိ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒဏ်ရာရအမျိုးသားတစ်ဦးကို မေးမြန်းချက်အရ ပေါ်ကွဲမှုဖြစ်ပြီး မီးမလောင်ခင် အဲဒီအမျိုးသားဟာ သင်္ဘောပေါ်ရှိ စက်ခေါင်းခန်းထဲမှာ ကွမ်းယာစားနေခဲ့ကြောင်းနဲ့ ပေါက်ကွဲမှုဖြစ်ပြီးတာနဲ့ မီး လောင်ခဲ့တာကြောင့် ရေထဲခုန်ချပြီး တိမ်းရှောင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြန်ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ထားဝယ်ပြည်သူ့ဆေးရုံးကြီးမှာ ထားရှိထားပြီး ဒဏ် ရာရတဲ့ အမျိုးသားသုံးဦးကိုလည်း ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အဲဒီဆီတင်သင်္ဘောဟာ ထားဝယ်မြို့ပေါ်ရှိ ဆီဆိုင်တွေမှာ စက်သုံးဆီ ဖြန့်ဖြူးပေးနေတဲ့ သင်္ဘောဖြစ်ပြီး ဘာကြောင့်ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့ရတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီဖြစဉ်မတိုင်မီ မနက်ပိုင်းကလည်း သပိတ်မျှောပွဲကျင်းပမယ့် သဲကွင်းအနီးကမ်းနားဈေးရှိ ကားဆိုင်ကယ်ရပ်နားတဲ့နေရာမှာ ဗုံးပေါက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ မြို့ခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ – ထားဝယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.