October 15, 2024

စစ်အာဏာသိမ်း (၁၃၅၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၈၄၂) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၆ AAPP ရဲ့ အောက်တိုဘာ ၁၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင် ငံ တဝှမ်းလုံးမှာ စစ်အာ ဏာသိမ်းမှုကာလ (၁၃၅၃) ရက်အတွင်း ပြည်သူ (၅၈၄၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၀၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့…

မွန်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှု သတ်မှတ်ရက်အတွင်းမပြီး

မော်လမြိုင်၊ အောက်တိုဘာ ၁၆ မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သတ်မှတ်ထားတဲ့ရက်အတိုင်း ကောက်ယူခဲ့ပေမယ့် ပြီးစီးမှုမရှိသေးဘူးလို့ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့မှာ ပါဝင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်ခဲ့တာပါ။ ဒါပေမယ့် ပြည်နယ်အတွင်းမှာတော့ သန်းခေါင်စာရင်းကောက်ယူရာမှာ အချိန်မလုံလောက်တာ၊…

လက်နက်ကိုင်တောင်းဆိုမှု မလိုက်လျောနိုင်ဘူးလို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ အောက်တိုဘာ ၁၆ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြဖို့နဲ့ လက်နက်ကိုင်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောဆိုခဲ့တာပါ။ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ နိုင်ငံရေးအမြင်မတူမှုတွေကနေ ပေါ်ပေါက်လာတာကြောင့် နိုင်ငံရေးနည်းအရဖြေရှင်းကြဖို့…

ကြာအင်းဆိပ်ကြီးမှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦးသေဆုံး

ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၆ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝက်ဆီကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ညက ကြာအင်းဆိပ်ကြီးအခြေစိုက် အမှတ် ၂၈၄ ခြေလျင်တပ်ရင်း ဗျုဟာကုန်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရာကနေ ဝက်ဆီကုန်းကျေး…

ဂန့်ဂေါမြို့နယ်က လုယက်မှုကျူးလွန်သူတွေကို ပကဖနဲ့ ဒေသခံတွေ ပူးပေါင်း ဖမ်းဆီးခဲ့

မကွေး အောက်တိုဘာ ၁၅ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ရွာသားတစ်ဦးကို လုယက်ခဲ့သူတွေအားတစ်ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၁၂ ရက်က ဂန့်ဂေါမြို့နယ် ရှောက်ပင်(အောင်မြင်)ရွာနဲ့ခေါက်ခူရွာကြားမှာ လုယက်မှု ဖြစ်ပွားတာဖြစ်ပြီး ကျူးလွန်သူတွေကိုအောက်တိုဘာ ၁၃ ရက်မှာဖမ်းဆီးရမိခဲ့တာပါ။ “လောလောဆယ်တော့ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်။ တောင်ပိုင်းမှာ မိတာ” လို့ ဂန့်ဂေါမြို့နယ် ပကဖ တာဝန်ရှိသူ…

နှစ်နိုင်ငံနယ်စပ်မှာ တောင်နဲ့မြောက်ကိုရီးယားတို့ တိုက်ခိုက်ဖို့ အသင့်ပြင်

ဆိုးလ်၊ အောက်တိုဘာ ၁၅ ပြုံးယမ်းမှာ ဒရုန်းပျံသန်းမှုတွေနဲ့ ပတ်သက်လို့ အငြင်းပွားမှု အရှိန်မြင့်တက်လာချိန်မှာ မြောက်ကိုရီးယားက ပစ်ခတ် တိုက်ခိုက်ဖို့ နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေကို ကြိုတင် ပြင်ဆင်ခိုင်းထားပြီးနောက် တောင်ကိုရီးယား စစ်တပ်က တုံ့ပြန်ဖို့ ရာနှုန်းပြည့် အဆင့်သင့်ရှိတယ်လို့ အောက်တိုဘာ ၁၄ ရက်က ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားက ဆူပူအုံကြွမှု ဖြစ်စေနိုင်တဲ့ ကောလာဟလတွေ၊ အရေးမပါတဲ့ အရေးအသားတွေနဲ့…

ဟစ်ဇဘိုလာအဖွဲ့ကို အညှာအတာမဲ့ လက်တုံ့ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ကြွေးကြော်

ဂျေရုစလင်၊ အောက်တိုဘာ ၁၅ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ စစ်ပွဲ စတင်ပြီးနောက်ပိုင်း အီရန် ထောက်ပံ့ထားတဲ့ လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးကို အဆိုးရွားဆုံး တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက လုံးဝ ညှာတာမှု မရှိဘဲ လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အောက်တိုဘာ ၁၄ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။ အောက်တိုဘာ ၁၃ ရက်မှာ အစ္စရေး…

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို အာဆီယံထောက်ခံပေးနေတယ်လို့ JFM ဝေဖန်

နေပြည်တော် ၊ အောက်တိုဘာ ၁၅ စစ်ကောင်စီကို အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးအတွက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ပေးတာဟာ တရားဝင်မှုပေးရုံသာမက အကြမ်းဖက်လုပ်ရပ်တွေကိုပါ အာဆီယံကဂုဏ်ပြုထောက်ခံပေးနေတာလို့ Justice for Myanmar က ပြောပါတယ်။ ရေတပ်ဦးစီးချုပ်များ အစည်းအဝေးကတဆင့် စစ်ကောင်စီကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံက ပိုမိုရှုပ်ထွေးနက်နဲစွာ ပါဝင်လာတဲ့အပေါ် Justice for Myanmar က အောက် တိုဘာ ၁၄ ရက်နေ့မှာ…

သီပေါမြို့ကို TNLA အလုံးစုံထိန်းချုပ်

သီပေါ၊ အောက်တိုဘာ ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းကို အပြီး သတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သီပေါမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့ TNLA က အောက် တိုဘာ ၁၄ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ သီပေါမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၂၃ ခြေလျင်တပ်ရင်းကို တအာင်းတပ်မတော် TNLA က အောက်တိုဘာ…

ထားဝယ်မှာ ဆီတင်သင်္ဘော မီးလောင်မှုကြောင့် ၈ ဦး သေဆုံး

ထားဝယ်၊ အောက်တိုဘာ ၁၅ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်မြစ်ကမ်းက စက်သုံးဆီတင်သင်္ဘော မီးလောင်မှုမှာ သေ ဆုံးသူ ၈ ဦး ရှိပြီး ၃ ဦး မီးလောင်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ ထားဝယ်မြို့နယ် ကြက်စာပြင်ရပ်ကွက်ရှိ ထားဝယ်မြစ်ကမ်းမှာ ရပ်နားထားတဲ့ စက်သုံးဆီတင် သင်္ဘောတစ်စီးဟာ အောက်တိုဘာ ၁၄ ရက် ညနေ ၄…