October 14, 2024

ရေဖြူတံတား စစ်ဆေးရေးဂိတ်ကို PDF ဝင်စီး

ရေဖြူ၊ အောက်တိုဘာ ၁၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ရေဖြူတံတား စစ်ဆေးရေးဂိတ် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ တပ်အင်အား ၁၀ ဦးကျော် တပ်စွဲထားတဲ့ ရေဖြူတံတားထိပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။…

ကျိုက်ထိုမှာ PDF ဂိတ် လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား ဖမ်းဆီးခံရ

ကျိုက်ထို၊ အောက်တိုဘာ ၁၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ်ထံ လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ သိမ်ဇရပ်မြို့ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က စစ်ဗိုလ်လင်မယား…