မော်လမြိုင် ၊ အောက်တိုဘာ ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဝန်ကြီးဌာနရဲ့ အခုနှစ် စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် ၁၂၂၂ သန်းကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ပြည်သူတွေရဲ့ ပြည်သူကနေ ပြည်သူအလှူငွေဖြစ်တဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်သူ စစ်ရှောင်ပြည်သူ တစ်သိန်းကျော်ရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် ၃၆၆.၁ သန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်း (၂၅၇) ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၄၄၆) ဦးအတွက် ၅၉.၅ သန်း နဲ့ CDM ဝန်ထမ်းတွေအတွက် ၅.၇ သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ၃.၁ သန်း ပံ့ပိုးထားတာပါ။

ဒါ့အပြင် သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူဦးရေ ခုနှစ်သိန်းလေးသောင်းကျော်ကို ကျပ် ၇၂၁.၆ သန်း နဲ့ အထွေထွေ လူသားချင်းစာနာမှုအ ကူအညီအဖြစ် ၆၆.၂ သန်းကိုလည်း ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်း

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.