September 2024

စစ်အာဏာသိမ်း (၁၃၂၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၈ AAPP ရဲ့ စက်တင်ဘာ ၁၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၂၅) ရက်အတွင်း ပြည်သူ (၅၆၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၈၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ စပါးဖျက်ပိုး ဆိုးဆိုးရွားရွားကျရောက်နေ

မော်လမြိုင် ၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ ပြီးခဲ့တဲ့ သြဂုတ်နောက်ဆုံးအပတ်ကစပြီး မိုးစပါးစိုက်လယ်တွေမှာ စပါးဖျက်ပိုးတွေ ဆိုးဆိုးရွားရွား ကျရောက်နေတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်းက မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်နဲ့ မုဒုံမြို့နယ်တွေမှာ စပါးဖျက်ပိုး ဆိုးဆိုးရွားရွား ကျရောက်နေပြီး ကျန်တဲ့မြို့နယ်တွေမှာလည်း စပါးဖျက်ပိုးဝင်ရောက်မှုတွေ ရှိနေတာပါ။ လက်ရှိကျရောက်တဲ့ စပါးဖျက်ပိုးတွေဟာ ဖြုတ်ညိုအမျိုးအစားနဲ့…

ကျွန်းစုမှာ စစ်ကူယာဉ်တန်းတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ် ဖွဲ့ဝင်ရှစ်ဦးသေဆုံး

ကျွန်းစု၊ စက်တင်ဘာ ၁၈ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာအနီးမှာ စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေး ပူပေါင်းစစ်ကြောင်း ၂ ထံကနေ သိရပါတယ်။ ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ၂၀ ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ…

ရေဘေးအပေါ် အကူအညီပေးဖို့ ပြည်တွင်းပြည်ပအဖွဲ့တွေကို တော်လှန်ရေးအဖွဲ့တွေတောင်းဆို

ပဲခူး ၊ စက်တင်ဘာ ၁၈ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ကု လသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးစီမံခန့်ခွဲမှုဝန်ကြီးဌာန၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး…

လူနည်းစုဝင်တွေအရေး အီရန်ခေါင်းဆောင်ကြီးရဲ့ သဘောထားမှတ်ချက်ကို အိန္ဒိယ ပြစ်တင်ရှုတ်ချ

နယူးဒေလီ၊ စက်တင်ဘာ ၁၇ အိန္ဒိယမှာ မွတ်စလင်တွေ အပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်လို့ အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ပြောဆိုမှုတွေဟာ မှားယွင်းပြီး လက်မခံနိုင်စရာ ဖြစ်တယ်လို့ နယူးဒေလီ အစိုးရက ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ မြန်မာ၊ ဂါဇာ၊ အိန္ဒိယနဲ့ အခြားနေရာတွေမှာ မွတ်စလင်တွေ ထိခိုက်ခံစားနေရတာကို မိမိတို့…

ရုရှားစစ်တပ်ကို ကမ္ဘာမှာ ဒုတိယအင်အား အကြီးဆုံး ဖြစ်အောင်တည်ဆောက်ဖို့ ပူတင် ညွှန်ကြား

မော်စကို၊ စက်တင်ဘာ ၁၇ တရုတ် စစ်တပ်ပြီးနောက် ကမ္ဘာမှာ ဒုတိယမြောက် အကြီးဆုံး စစ်တပ် ဖြစ်လာစေရေး ဆောင်ရွက်မှု တစ်ရပ်အနေနဲ့ သမ္မတ ဗလာဒီမာ ပူတင်က ရုရှား စစ်တပ်ရဲ့ ပုံမှန် အင်အားကို စစ်မှုထမ်း ၁၈၀၀၀၀ ကနေ ၁ ဒသမ ၅ သန်းအထိ တိုးမြှင့်ရေး ညွှန်ကြားလိုက်ပါတယ်။ ကရင်မလင် နန်းတော်…

မြိတ်ခရိုင်ပြည်ထောင်စုလမ်းမကြီး ညပိုင်းအသုံးမပြုဖို့ တိုင်း PDF သတိပေး

တနင်္သာရီ၊ စက်တင်ဘာ ၁၇ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာရှိတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပိုင်းကို ညပိုင်းဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ် ဆင်ရေးဌာနက သတိပေးထုတ်ပြန်ပါတယ်။ မြိတ်ခရိုင်အတွင်းရှိ ပြည်သူတွေအနေနဲ့ ပုလောမြို့နယ် ပြည်ထောင်စုလမ်းမကြီး၊ မြိတ်မြို့နယ်အ ထွက် ကျောက်ဖြူတောင်လမ်းဆုံမှ ကြေးနန်းတိုင် လမ်းတစ်လျှောက်နဲ့ တနင်္သာရီမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးတွေကို ညနေ ၆…

ရေဘေးကြောင့် သေဆုံးသူ ၂၂၀ ကျော် ရှိလာတယ်လို့ စစ်ကောင်စီပြော

နေပြည်တော် ၊ စက်တင်ဘာ ၁၇ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ ၂၂၀ ကျော် သေဆုံးပြီး စပါးနဲ့ ကောက်ပဲသီးနှံ စိုက်ဧက ခြောက်သိန်းခွဲနီးပါး ရေဝင်နစ်မြုပ်ခဲ့တယ်လို့ စစ်ကောင်စီက သ တင်းထုတ်ပြန်ပါတယ်။ ယာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်အပါအဝင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာတီတိုင်း၊ ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရေကြီးမှုဖြစ်ပေါ်ခဲ့တာပါ။ အဲဒီအတွက်ကြောင့်…

ရေးအခြေစိုက်တပ်က ဗိုလ်မှူးနှစ်ဦး PDF ထံ အလင်းဝင်

ရေး၊ စက်တင်ဘာ ၁၇ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုမှ စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦးဟာ ပြည်သူ့ ရင်ခွင် ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းဖြစ်တဲ့ ဒေါနစစ်ကြောင်းထံကနေ သိရပါတယ်။ ဗျူဟာ ၃၃ နယ်မြေအတွင်းရှိ ဒေါနစစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားတဲ့ နယ်မြေအတွင်းကို စစ်ကောင်စီရဲ့ ဗိုလ်မှူး အဆင့်ရှိတဲ့ အရာရှိနှစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁…

စစ်အာဏာသိမ်း (၁၃၂၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၆၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၇ AAPP ရဲ့ စက်တင်ဘာ ၁၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၂၄) ရက်အတွင်း ပြည်သူ (၅၆၆၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၇၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…