September 2024

ထိုင်းမှာ မရှိဆင်းရဲသားတွေအတွက် ထောက်ပံ့ကြေး ပထမအသုတ် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ ပေးမယ်

ဘန်ကောက်၊ စက်တင်ဘာ ၁၀ ထိုင်းနိုင်ငံမှာ မရှိဆင်းရဲသားတွေကို ထောက်ပံ့ပေးဖို့ စီစဉ်ထားတဲ့ ငွေပေးဝေရေး အစီအစဉ်ကို သတ်မှတ်ရက်ထက် စောပြီး စတင်မှု အဖြစ် ပထမဆုံးအသုတ် အနေနဲ့ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံကို အခုလအတွင်း စတင် ပေးဝေသွားမှာ ဖြစ်တယ်လို့ လက်ထောက်ဘဏ္ဍာရေး ဝန်ကြီးက စက်တင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။…

နျူကလီးယားလက်နက် ဆတိုး ထုတ်လုပ်ဖို့ မြောက်ကိုရီးယား စီစဉ်

ဆိုးလ်၊ စက်တင်ဘာ ၁၀ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က မိမိတို့ နိုင်ငံရဲ့ နျူကလီးယားလက်နက် အရေအတွက်ကို ဆတိုး ထုတ်လုပ်ရေးအတွက် နျူကလီးယားအင်အား တည်ဆောက်ရေး မူဝါဒ တစ်ရပ်ကို အကောင်အထည် ဖော်နေပြီလို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၁၀ ရက်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၉ ရက်မှာ ကျင်းပခဲ့တဲ့…

လောင်းလုံးက ကျောက်နီမော်ပျူစောထီးစခန်းကို PDF ဝင်စီး

လောင်းလုံး၊ စက်တင်ဘာ ၁၀ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက် အရ သိရပါတယ်။ ကျောက်နီမော်ကျေးရွာ ငါးဦးစီးဌာနရုံးဟောင်းမှာ တပ်စွဲထားတဲ့ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ကို စက်တင်ဘာ ၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ…

ပေါက်တောမှာ ဗုံးကြဲခံရလို့ စစ်သုံ့ပန်းတွေအပါအဝင် ၁၇ ဦးသေဆုံး

ပေါက်တော၊ စက်တင်ဘာ ၁၀ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေကို ဆေးကုပေးတဲ့နေရာ ဗုံးကြဲခံရတာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် ၁၇ ဦးသေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တင်ဘာ ၈ ရက် ည ၇ နာရီအချိန်ခန့်မှာ စစ်ကောင်စီက…

မွန်ညီညွတ်ရေးပါတီကို စစ်ကောင်စီ မှတ်ပုံတင် ခွင့်ပြု

မော်လမြိုင် ၊ စက်တင်ဘာ ၁၀ မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ MUP ကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် UEC က စက်တင်ဘာ ၉ ရက်မှာ ပါတီမှတ်ပုံတင်ခွင့် ချပေးလိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မွန်ညီညွတ်ရေးပါတီကို စက်တင်ဘာ ၉ ရက်နေ့ကစပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုတာလို့…

စစ်အာဏာသိမ်း (၁၃၁၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၃၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၀ AAPP ရဲ့ စက်တင်ဘာ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၁၇) ရက်အတွင်း ပြည်သူ (၅၆၃၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၄၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ရွှေနဲ့ ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာ

မော်လမြိုင် ၊ စက်တင်ဘာ ၁၀ အာဏာသိမ်းကာလအတွင်း သမိုင်းတလျှောက် မကြုံဖူးတဲ့ စံချိန်တင်ဈေးနှုန်းတွေအထိ ရောက်ရှိခဲ့တဲ့ ပြည်တွင်းဒေါ်လာနဲ့ရွှေဈေးဟာ စက်တင်ဘာပထမအပတ်ကစပြီး ဆက်တိုက်ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်ဒုတိယအပတ်က တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ အခုအခါမှာတော့ တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းလာတာပါ။ ပြည်တွင်းမီးလင်းအခေါက်ရွှေကလည်း တစ်ကျပ်သားကို ကျပ် သိန်း…

စစ်တပ်ကို အမြန်ဆုံးအရေးယူပေးဖို့ တအာင်းနဲ့ ကရင်နီတို့ တောင်းဆို

နောင်ချို ၊ စက်တင်ဘာ ၁၀ စစ်တပ်ကနေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တအာင်းနဲ့ကရင်နီတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက နိုင်ငံ တကာကို တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုအပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တို့က သဘောထားထုတ်ပြန်ခဲ့တာပါ။…

ဘီးလင်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိ

ဘီးလင်း၊ စက်တင်ဘာ ၁၀ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စက်တင်ဘာ ၉ ရက်နေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအ ပါအဝင် စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ တံတားစစ်ဆေးရေးဂိတ်ကို…

ကရင်ပြည်နယ် ကတိုင်တိဒေသမှာ စစ်ကောင်စီနဲ့ BGF ဘက်က တပ်အင်အားတိုးချဲ့လာ

ဖာပွန်၊ စက်တင်ဘာ ၁၀ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကတိုင်တိဒေသထဲကို စစ်ကောင်စီတပ်နဲ့ BGF တပ်တွေက စက်တင် ဘာလဆန်းပိုင်းကစပြီး တပ်အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားတာတွေ ဝင်ရောက်လုပ်ဆောင်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ BGF အင်အား ၁၀၀ ကျော်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅…