အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနေ ပြည်သူတွေကို PDF တွေ ပစ်သတ်နေတယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေကနေ သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကော်စီလက်အောက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေး ရွာ Lucky Men ဟိုတယ်ထဲရှိနေတဲ့ အရပ်သားတချို့နဲ့ KIA တပ်ဖွဲ့ဝင်တချို့အပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားတဲ့အပြင် ဟိုတယ်ထဲမှာလည်း အရပ်သားခုနှစ်ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေကို မေးမြန်းကာ BNI သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ Lucky Men ဟိုတယ်က ဖမ်းဆီးသွားသူ ၁၀ ဦးကို ကြိုးတုတ်ပြီး နေပူလှန်းတာ၊ ရိုက်နက်တာတွေ လုပ်ဆောင်ခဲ့သလို လမ်းပိတ်ထားတဲ့နေရာအပေါ် သွားလာလို့ဆိုတဲ့ အ ကြောင်းပြချက်နဲ့ ပြည်သူတွေကို သေနတ်ပစ်သတ်တာတွေ ရှိနေပြီး အရပ်သားပြည်သူတချို့ လမ်းပေါ်သေဆုံးနေတာတွေ ရှိတယ်လို့ BNI သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဟိုတယ်အနီးဝန်းကျင်နေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

BNI သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.bnionline.net/mm/news-106370?fbclid=IwY2xjawFX1phleHRuA2FlbQIxMAABHesMRaoABlZN64hJU7GfWxN8nmOosp1wHB6DS-enAcrsdg1M39D5bDxkcQ_aem_vvqC-1dyEXZ85kiN0EnsEg

BBCသတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.bbc.com/burmese/articles/c78l88z8xyeo?fbclid=IwY2xjawFX2vdleHRuA2FlbQIxMAABHcgWwdU77LuXjwWUEaUCcUgXvAEIg5jfUx0h3Cp08y4YJGmzDu4c6vXXVg_aem_M1Z3dciIY1LQ2LvV4ox5Fg

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.