အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ရှစ်လအရွယ် ကလေးငယ်အပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရရှိမှု KNU ကြောင့်”ဆိုပြီး စစ်တပ်သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း၊ကြေးမုံသတင်းစာအပါအဝင် စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၁၉ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)မှာ စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့တဲ့သတင်းကို လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဟာ ကျောက်တံခါးဘောလုံးကွင်းမှ ဖျံတလင်းကျေးရွာသို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ People’s Springသတင်းဌာနမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၅ ရက်မှာ စစ်တပ်က ပဲနွယ်ကုန်း အနောက်ဘက် အလိုင်ခင်ကျေးရွာကနေပြီး သဲဖြူရွာသစ်ကျေးရွာထဲကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၃၇ နှစ် မိခင်တစ်ဦးနဲ့ သမီးဖြစ်သူ အသက် ၈ လခွဲအရွယ် ကလေးငယ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PVTV သတင်းဌာနမှာ ဖော် ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး ကျေးရွာတွေနဲ့ အရပ်သားပြည်သူတွေ လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်းတွေအတွင်း ရည် ရွယ်ချက်ရှိရှိ ဒရုန်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU ထုတ်ပြန်ချက်လင့်

https://www.facebook.com/story.php?story_fbid=857875189781024&id=100066756515394&mibextid=oFDknk&rdid=AEowqvnEWYP2SgCo

People’s Springသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=855859919946135&id=100065664033865&mibextid=oFDknk&rdid=KIhmA3NIHj819eX4

PVTV သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=875391268020107&id=100066477263515&mibextid=oFDknk&rdid=PIA9xrMaC1UGGhGT

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.