September 20, 2024

ကျောက်ကြီးမှာ ဒရုန်းဗုံးကျပြီး အရပ်သားထိခိုက်မှု KNU ကြောင့်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ရှစ်လအရွယ် ကလေးငယ်အပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရရှိမှု KNU ကြောင့်”ဆိုပြီး စစ်တပ်သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…