အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲလိုက်တာကြောင့် မန္တလေးတိုင်း တောင်သာမြို့နယ် ပြဿဒ်ကြီးကျေးရွာ ဘုရားကြီးကျောင်းရှိ ဘုရားစေတီတွေ ပျက်စီးတာ မဟုတ်မှန်ကြောင်း”စစ်တပ်သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊မြန်မာ့အလင်းသတင်းစာအပါအဝင် စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း တောင်သာမြို့နယ် ပြဿဒ်ကြီးကျေးရွာကို စက်တင် ဘာ ၁၅ ရက်နေ့ နေ့လည် ၁၂နာရီခွဲအချိန်ခန့်မှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကို မေးမြန်းကာ လွတ်လပ်သော သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Mandalay free press မှာတော့ တိုက်ပွဲမရှိဘဲ တောင်သာမြို့နယ် အရှေ့ခြမ်း လှည်းကူးမကျေးရွာအုပ်စု ပြဿဒ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ဘုရားကြီးကျောင်းတိုက်ထဲက ဘုရားစေတီသုံးဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြင်းခြံခရိုင် စစ်ဆင်ရေးစပြီးကတည်းက တောင်သာမြို့နယ်ကို စစ်ကောင်စီက ဩဂုတ် ၁၁ ရက်ကနေ စက်တင်ဘာ ၁၆ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ရှိခဲ့ပြီး အရပ် သားထိခိုက်သေဆုံးမှုနဲ့ ဘုရားစေတီပျက်စီးမှုတွေလည်း များလာတယ်လို့ Mizzima သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Mandalay free press သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=574455064913618&id=100070473873342&mibextid=oFDknk&rdid=z5QCfEcBieKxZc8M

Mizzima သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=859367309670862&id=100067928020493&mibextid=oFDknk&rdid=t1DjgVoo498Dw71w

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.