ကျိုက်ထို၊ စက်တင်ဘာ ၁၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF စတင်တည်ထောင်တဲ့ သုံးနှစ်အတွင်း ရဲဘော် ၁၃ ဦး ကျဆုံးခဲ့တယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ဟာ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ စစ်ကောင်စီတပ် တော်လှန်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုအခါ သုံးနှစ်ပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။

KRF တပ်ဖွဲ့ဟာ တပ်ဖွဲ့စတင်တည်ထောင်ပြီးနောက် သုံးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့လက် အောက်ခံအဖွဲ့တွေကို အကြိမ် ၁၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီသုံးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ သတင်း ပေးဒလန် ၁၈၂ ဦး ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး ၂၀၇ ထိခိုက်ဒဏ်ရာရရှိအောင် လုပ် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကတော့ တပ်ဖွဲ့စတင်တည်ထောင်တဲ့ သုံးနှစ်ပြည့်ကနေ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့ သစ္စာပြုခဲ့ပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းထားသလို သထုံခရိုင်အခြေစိုက် တော်လှန်ရေးအင်အားစုတွေလည်း တိုက်ခိုက်မှုလုပ်ငန်းစဉ်တွေမှာ လက်တွဲဆောင်ရွက်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.