ဘီးလင်း၊ စက်တင်ဘာ ၁၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်း ခရီးသွားတွေအပါအဝင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့တွေထံကနေ သိ ရပါတယ်။

အဲဒီနေ့က ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ သံတံတားစစ်ဆေးရေးဂိတ်နဲ့ မစောတံတားဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

တိုက်ပွဲအတွင်း ရန်ကုန်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်လာတဲ့ ခရီးသွားကားတစ်စီး လက်နက် ငယ် ထိမှန်ခဲ့တဲ့အတွက် ကားပေါ်ပါလာတဲ့ ရေးမြို့နယ် ကော့ဒွတ်ကျေးရွာနေ အသက် ၃၇ နှစ်အ ရွယ် ဒေါ်ကေသီဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း သပြေနီကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ တွေဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မနန်းရွှေရည်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်မိတေးတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားအမျိုးသမီးတွေကို ဘီးလင်းနဲ့သထုံခရိုင် ပြည်သူ့ဆေးရုံတွေမှာ တက်ရောက်ကုသနေပြီး အဲဒီထဲက ခရီးသွားအမျိုးသမီးတစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။

ဘီးလင်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA ၊ PDF ပူပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူး ပေါင်းတပ်ဖွဲ့တို့ ကြား စစ်ရေးပြန်လည်တင်းမာနေပြီး မကြာခဏဆိုသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ လမ်းအခြေအနေကို သေ ချာစုံစမ်းပြီးသွားလာကြဖို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးတိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.