အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခရီးသွားပြည်သူတွေအား ဓါးပြတိုက်နေတဲ့သတင်းကို သတင်းအမှား”ဆိုပြီး စစ်တပ်ဘက်က ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊မြန်မာ့အလင်းသ တင်းစာ ၊MOIစတဲ့ လူမှုကွန် ရက်နဲ့ တယ်လီဂရမ်တွေမှာ စက်တင်ဘာ၂ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက ခရီးသွားပြည်သူတွေအား ဓါးပြတိုက်တာ၊ ဖုန်း၊ ရွှေငွေတွေလုယူတာ လုပ်ဆောင်နေကြောင်း လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

Mizzima သတင်းဌာနမှာတော့ ဩဂုတ် ၂၇ ရက်မှာ မြင်းခြံမြို့ ကုက္ကဲရွာရဲစခန်းမြောက်ဘက်ရှိ ရေ ကန်ကြီးအနီးမှာ တစ်ကြိမ်နဲ့ ကျောက်ကန်ရွာအနီးမှာ တစ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခရီးသည်တင်ကားနဲ့ အိမ်စီးကားအနည်းဆုံး ၁၀ စီးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဓါးပြတိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

People’s Springသတင်းဌာနမှာတော့ အဲဒီလမ်းပိုင်းရှိ နဘူးအိုင်ကျေး ရွာမှာလည်း စစ်တပ်က တပ်စွဲထားပြီး မေ ၂၂ ရက်က ပြည်သူသုံးဦးကို သတ်ဖြတ်ခဲ့ပြီး မေ ၂၅ ရက်မှာ သူတို့ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ရောဂါသည်အဘွားအိုတစ်ဦး သေဆုံးခဲ့တဲ့အတွက် ခရီးသွားယာဉ်တွေအနေနဲ့ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းကို ရှောင်ကွင်းသွားကြဖို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေတ္တာရပ်ခံထားတယ်လို့ ဖော်ပြထားပါတယ်။

Mizzima သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=846707204270206&id=100067928020493&mibextid=oFDknk&rdid=bctzwu302b2XXrZP

People’s Spring သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=788429006689227&id=100065664033865&mibextid=oFDknk&rdid=uIP1v290ZPm6TbRC

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြန့်ချီနေတာ ဖြစ်ကြောင်း သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.