August 2024

စစ်အာဏာသိမ်း (၁၂၇၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၇၂) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂ AAPP ရဲ့ သြဂုတ် ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၇၈) ရက်အတွင်း ပြည်သူ (၅၄၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၁၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ကောင်စီသက်တမ်းတိုးမှု ရှမ်း-မန်းစစ်ဆင်ရေး ပိုမိုပြင်းထန်လာနိုင်

လားရှိုး ၊ ဩဂုတ် ၂ အာဏာသိမ်း စစ်ကောင်စီတိုးယူခဲ့တဲ့ အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းအတွင်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်းဘက်မှာ စစ်ဆင်ရေးတွေ ပြင်းထန်လာလိမ့်မယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲ ခတ်တွေက သုံးသပ်ကြပါတယ်။ ဇူလိုင် ၃၁ ရက်နေ့က ခေါ်ယူခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က စစ်တပ်အနေနဲ့ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်ဒေသတွေတည်ငြိမ်ရေးအတွက် ဆက်လက်ဆောင် ရွက်သွားမယ်လို့…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၄ ထပ်ဖွင့်

မော်လမြိုင် ၊ ဩဂုတ် ၂ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ထိခိုက်သေဆုံးမှု များပြားနေတဲ့ စစ်ကောင်စီတပ်ဟာ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၄ ထပ်မံခေါ်ယူလိုက်တယ်လို့ ဇူလိုင် ၃၁ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ စစ်မှုထမ်းအပတ်စဉ် ၄ တက်ရောက်မယ့်သူတွေကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့က မော်လမြိုင်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှာ…

သထုံ ကျိုက္ကော်အုပ်ချုပ်ရေးမှူး နေအိမ်ချိပ်ပိတ်ခံရ

သထုံ၊ ဩဂုတ် ၂ မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးစိုးနေအိမ်ကို သြဂုတ် ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်ဒုတိယအပတ်အတွင်း နေအိမ်မှာ လာရောက်ဖမ်းဆီးပြီးနောက် အခုလို ချိပ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံအုပ်ချုပ်ရေးမှူးဦးအေးစိုးဟာ…

ရေးမှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာနှစ်ခုတိုက်ခိုက်ခံရ

ရေး၊ ဩဂုတ် ၂ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ လာရောက်တပ်စွဲထားတဲ့ နေရာနှစ်ခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ရေးမြို့နယ် နှစ်ကရင်ကျေးရွာထိပ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ တပ်အင်အား ၄၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ သြဂုတ် ၁ ရက်နေ့…

ထရန့် အနိုင်ရပါက နျူကလီးယား ဆွေးနွေးမှုတွေ ပြန်စဖို့ မြောက်ကိုရီးယား ဆန္ဒရှိနေ

ဆိုးလ်၊ သြဂုတ် ၁ ဒေါ်နယ်ထရန့် သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခံရပါက မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ ဆန္ဒရှိနေပြီး ညှိနှိုင်းရေးဗျူဟာ အသစ် တစ်ရပ် ရေးဆွဲဖို့ စီစဉ်နေကြောင်း မကြာသေးခင်က တောင်ကိုရီးယားသို့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား အကြီးတန်း သံတမန်က ပြောကြားလိုက်ပါတယ်။ ကျူးဘားကနေ ရီအီဂျူ ထွက်ပြေးလွတ်မြောက်မှုကို ပြီးခဲ့တဲ့လက…

ဟားမာ့စ်ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်မှု လက်တုံ့ပြန်မယ်လို့ အီရန် ကြွေးကြော်

တီဟီရန်၊ သြဂုတ် ၁ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ ဟားမာ့စ် ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်မှုဟာ အစ္စရေးလက်ချက် ဖြစ်တယ်လို့ အီရန်က စွပ်စွဲပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ တီဟီရန်မြို့မှာ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စရေးက မှတ်ချက်…

လားရှိုးတိုက်ပွဲ တစ်လကျော်အတွင်း အရပ်သား ၁၃၀ ကျော် သေဆုံး

လားရှိုး၊ ဩဂုတ် ၁ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ၃၆ ရက်တာကာလအတွင်း အရပ် သား စုစုပေါင်း ၁၃၃ ဦး သေဆုံးပြီး ၁၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး…

ရွေးကောက်ပွဲကို နယ်မြေတည်ငြိမ်တဲ့ ဒေသတွေမှာသာ ဦး စားပေးကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ သြဂုတ် ၁ လာမယ့် အထွေထွေရွေးကောက်ပွဲကို ဒေသအလိုက် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ကျင်းပနိုင်တဲ့ နယ်မြေတွေကို ဦးစွာကျင်းပပေးသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇူလိုင် ၃၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ သူ့ကိုယ်ကိုသူယာယီသမ္မတ ခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်မှုအရ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာသာ…

မိုးမိတ်မြို့ကို TNLA သိမ်းပိုက်

မိုးမိတ်၊ ဩဂုတ် ၁ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်ကောင်တပ်စခန်းအားလုံးကို ရှင်းလင်းသိမ်းပိုက်လိုက်ပြီလို့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းမှာ သ တင်းထုတ်ပြန်ပါတယ်။ မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်၊ အမှတ် ၃၄၈ ခြေလျင်တပ်ရင်းနဲ့ မိုးမိတ်ဗျူဟာကုန်းတို့ကို ဇူလိုင် ၃၁…