August 2024

ယောဒေသမှာ ရှစ်လေးလုံး ၃၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

မကွေး၊ ဩဂုတ် ၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် -၃ စစ်ကြောင်းက ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။ ABSDF ဗဟိုရဲ့ ထုတ်ပြန်ချက်အတိုင်း လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပေါင်းစပ်ညှိနှိုင်းပြီး အရှိန်ဟုန်မြှင့်တင်နိုင်ဖို့ ABSDF Column -3 အမှတ် ၁၂ တပ်ရင်း ယောဒေသမှာ…

မောင်တောက ရိုဟင်ဂျာတွေ အစုံလိုက်အပြုံလိုက် သေဆုံးမှုနဲ့ သက်ဆိုင်မှုမရှိဘူးလို့ AA ငြင်းဆို

မောင်တော၊ ဩဂုတ် ၈ ရခိုင်ပြည်နယ် မောင်တောမြို့အနီးက ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းစပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ် ပွားခဲ့တဲ့ ရိုဟင်ဂျာအများအပြား သေဆုံးမှုဟာ အာရက္ခတပ်တော် AA နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဩဂုတ် ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ရိုဟင်ဂျာတွေ သေဆုံးခဲ့တဲ့ နေရာဟာ AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြစ်ပွားခဲ့ခြင်းမရှိတဲ့အပြင် အခုလိုသေဆုံးမှုနဲ့ ပတ်သက်ပြီး…

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးထပ်ကြဲ

ကွတ်ခိုင်၊ သြဂုတ် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို မနေ့ သြဂုတ် ၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ထပ်မံကြဲချသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုဟာ ကွတ်ခိုင်ဗျူဟာကုန်းအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးတချို့ ထိခိုက်…

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံး ရိုက်ခတ်မှု မွန်နဲ့ ပအိုဝ်းတော်လှန်ရေးအဖွဲ့တွေ ဝမ်းသာဂုဏ်ယူ

မော်လမြိုင် ၊ ဩဂုတ် ၈ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခြင်းအပါအဝင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းလုံးတွေ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်နိုင်မှုအပေါ် မွန်နဲ့ ပအိုဝ်းညီနောင်တော်လှန်ရေးအဖွဲ့တွေက ဝမ်းသာဂုဏ်ယူကြောင်း ထုတ်ပြောလာပါတယ်။ ညီနောင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ AD ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တို့က ၁၀၂၇ စစ်ဆင်ရေးကို ဦး ဆောင်တဲ့ MNDAA…

စစ်အာဏာသိမ်း (၁၂၈၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၈ AAPP ရဲ့ သြဂုတ် ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၈၄) ရက်အတွင်း ပြည်သူ (၅၄၈၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရှုံးမဲ မဲလာ

လားရှိုး ၊ ဩဂုတ် ၈ အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ မြို့သိမ်းစခန်းသိမ်း ထိုးစစ်တွေကို ရှုံးပွဲဆက် တိုက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအားထား အသုံးပြုလာနေပါတယ်။ ရှမ်း-မန်း စစ်ဆင်ရေးအဖြစ် တစ်ကျော့ပြန်ခဲ့တဲ့ ၁၀၂၇ ဒုတိယလှိုင်းအတွင်း စစ်တပ်ဝင့်ကြွားလေ့ရှိတဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ရသလို မြို့နယ်တချို့ကိုလည်း လက် လွှတ်ခဲ့ရတာပါ။ ဒီအပေါ် စစ်ကောင်စီက ရှမ်းမြောက်မှာ…

စစ်အာဏာရှင်ချုပ်ငြိမ်းရေး တပ်မဟာအားလုံး တိုက်ခိုက်မယ်လို့ KNU တုံ့ပြန်

မော်လမြိုင်၊ သြဂုတ် ၈ ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် မိမိတို့ရဲ့ တပ်မ ဟာ အားလုံးအပါအဝင် တိုင်းရင်းသားလူမျိုးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး စုပေါင်းပြီး တိုက်ခိုက်ချေမှုန်းသွားမယ်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်က ပြောပါတယ်။ KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅ သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ကွက်အသစ် ဖော်ဆောင်နိုင်ဖို့…

ရေးမှာ နှစ်ဖက်စစ်ရေးတင်းမာနေလို့ ဒေသခံ‌ထောင်နဲ့ချီ တိမ်းရှောင်နေရ

ရေး၊ ဩဂုတ် ၈ မွန်ပြည်နယ် ရေးမြို့နယ် သံဖြူဇရပ်-ရေးလမ်းပိုင်းအနီးက ကျေးရွာတွေမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး တပ်အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အဲ့ဒီလမ်းပိုင်းက ကျေးရွာတွေဖြစ်တဲ့…

မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းကို စစ်ကောင်စီတပ်သားတွေ စွန့်ခွာ ထွက်ပြေး

မကွေး၊ ဩဂုတ် ၇ မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားတွေ စခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် People Democratic Army (PDO/PDA) ထံက သိရပါတယ်။ သြဂုတ် ၃ ရက်နေ့က ကိုင်းတောမစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဩဂုတ် ၇ ရက်နေ့မှာ အဲဒီစစ်ကောင်စီတပ်သားတွေက စခန်းစွန့်ခွာထွက်ပြေးသွားတာပါ။ “ရန်သူက…

အီရန်နဲ့ အစ္စရေးကို အမေရိကန် သတိပေး

အန်နာပိုလစ်၊ သြဂုတ် ၇ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှု ပိုမိုကျယ်ပြန့်လာနေချိန်မှာပဲ အမေရိကန်က မဟာမိတ်အစ္စရေးကို တိုက်ရိုက်အကျဆုံး သတိပေးမှုအဖြစ် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အီရန်နဲ့ အစ္စရေး နှစ်နိုင်ငံစလုံးအနေနဲ့ ပဋိပက္ခ အရှိန်မြင့်တက်လာနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားသင့်တယ်လို့ သြဂုတ် ၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။ “ဒီပဋိပက္ခကို အရှိန်မြင့်တက်လာအောင် တစ်ယောက်မှ မလုပ်သင့်ပါဘူး။ မဟာမိတ်တွေ လက်တွဲဖော်တွေနဲ့…