August 2024

စစ်အာဏာသိမ်း (၁၃၀၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၈၆) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၃၀ AAPP ရဲ့ သြဂုတ် ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၀၇) ရက်အတွင်း ပြည်သူ (၅၅၈၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၆၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

နိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်မယ်လို့ NUG ပြော

နေပြည်တော် ၊ ဩဂုတ် ၃၁ စစ်အုပ်စုဟာ နောက်ဆုံးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး နိုင်ငံရေးအရ ပြင်ဆင်ထားကြဖို့ လိုအပ်မယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG ဝန်ကြီးချုပ်က ပြောပါတယ်။ ဩဂုတ် ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။…

မီတာခ နှစ်ဆကျော် တိုးကောက်မယ်လို့ စစ်ကောင်စီ ကြေညာ

မော်လမြိုင် ၊ ဩဂုတ် ၃၁ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူတွေ ကျပ်တည်းနေချိန်မှာ လျှပ်စစ်မီတာခတွေကို နှစ်ဆကျော် တိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ အိမ်သုံးမီတာခအဖြစ် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ကျပ် ၅၀ ၊ ယူနစ် ၅၀ ကနေ ၁၀၀ ယူနစ်အထိ…

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀၀ ကျော် အရေးယူခံရမယ်

မဲဆောက်၊ သြဂုတ် ၃၁ ထိုင်းနိုင်ငံထဲမှာ တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးရေး စီမံချက်အရ နှစ်လကျော်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားပေါင်း နှစ်သိန်းကျော် စစ်ဆေးခဲ့ရာ အဲဒီထဲက မြန်မာအလုပ်သမားဦးရေ ၉၀၀ ကျော်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထိုင်း အလုပ်သမားဝန်ကြီးအဖွဲ့ရဲ့ တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်ကို…

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးပြီး တပ်ကြပ်ကြီး တစ်ဦး အရှင်ဖမ်းမိ

ထားဝယ်၊ ဩဂုတ် ၃၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကျောက်ဆိပ်ကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးကျော် သေဆုံးခဲ့သလို တပ်ကြပ်ကြီးတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တပ်အင်အား ၈၀ ဝန်းကျင်နဲ့ မောင်မယ်ရှောင်ကျေးရွာကနေ ကျောက်ဆိပ်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ်၂၈ ရက် မနက် ၉…

စစ်ကောင်စီ ဓာတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်လာတယ်လို့ AA ပြော

မောင်တော၊ ဩဂုတ် ၃၀ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဓာတုအဆိပ်ငွေ့ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်လာတယ်လို့ ရက္ခိုင့်တပ်တော် AA က ဩဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်ရရှိရေးအတွက် AA ဟာ မြို့အတွင်းရှိ စစ်ကောင်စီရဲ့ ခုခံစစ် အဆင့်ဆင့်ကို တစ်ခုပြီးတစ်ခု ရှင်းလင်း တိုက်ခိုက်နေသလို စစ်ကောင်စီရဲ့…

အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ကိုးဦး သေဆုံး

ကြာအင်းဆိပ်ကြီး၊ ဩဂုတ် ၃၀ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြာအင်းဆိပ်ကြီးမြို့နယ် ခုနှစ်ဝါကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်…

ပိုလီယို ကာကွယ်ဆေး ထိုးနှံချိန် စစ်ပွဲရပ်ထားဖို့ အစ္စရေး သဘောတူ

ဂျီနီဗာ၊ သြဂုတ် ၃၀ ကလေးငယ်တွေကို ပိုလီယို ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဂါဇာဒေသမှာ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ပေးဖို့ အစ္စရေးက သဘောတူထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ပြောပါတယ်။ ဂါဇာကမ်းမြောင် ဒေသတဝန်း ကလေးငယ် ၆၄၀၀၀၀ ကို ကာကွယ်ဆေး ထိုးပေးဖို့ ရည်ရွယ်ထားပြီး စက်တင်ဘာ ၁ ရက်မှာ…

ဂျပန်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် လူသန်းပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ဖို့ ညွှန်ကြား

တိုကျို၊ သြဂုတ် ၃၀ ဂျပန်နိုင်ငံမှာ သြဂုတ် ၃၀ ရက်နေ့က တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် ဖြည်းဖြည်းချင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီး သေဆုံးသူ ၅ ဦး အထိ ရှိလာချိန်မှာ လူသန်းပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထားပါတယ်။ အဲဒီ အင်အားပြင်း မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး သယ်ယူပို့ဆောင်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မုန်တိုင်းဟာ သြဂုတ်၂၉…

နောင်ချိုက စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းပိုက်

နောင်ချို၊ ဩဂုတ် ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဩဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းနှစ်ခုဖြစ်တဲ့ အမတ ၄၀၆ နဲ့ အမတ ၂၀၆ တပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ ဩဂုတ် ၂၈…