မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပြည်သူလေးဦး ဖမ်းဆီးပြီး သုံးဦးကို သတ်ဖြတ်ခဲ့တာ မရှိဘူး”လို့ စစ်ကောင်စီတပ် သတင်းမှားဖြန့် ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊မြန်မာ့အလင်းသတင်းစာအပါအဝင် စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဩဂုတ်၂၅ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြောက်ဘက် ဦးကင်းကြည် (တောင်) ရွာကို ဩဂုတ် ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးသွားတယ်လို့ လွတ်လပ်သောသတင်းဌာနတွေက ဖော်ပြထားပါတယ်။

RFA သတင်းဌာနမှာတော့ အင်အား ၇၀ ပါတဲ့ စစ်ကောင်စီတပ် သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူတွေက အရပ်သားတွေဖြစ်ပြီး အိမ်ခြေ ၁၅၀ နီးပါးရှိတဲ့ ဦးကင်းကြည် (တောင်) ရွာမှာ မီးရှို့ခံရလို့ နေအိမ် ၁၅ လုံးသာ ကျန်တော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေကို မေးမြန်းကာ ဖော်ပြထားပါတယ်။

DVB သတင်းဌာနမှာတော့ စစ်တပ်စစ်ကြောင်း ဝင်လာပြီး ရွာသားတွေကို အိမ်ရှေ့လမ်းပေါ် ထွက်ထိုင်ခိုင်းထားခဲ့သလို စစ်သားတွေက အိမ်တွေထဲ အတင်းဝင်ကာ ပစ္စည်းတွေလုယက်၊ ဖုန်းတွေသိမ်းပြီးနောက် ရွာကို မီးရှို့သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

RFAသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=928596305968439&id=100064542350311&mibextid=oFDknk&rdid=2k56OU3EBpwukyHu

DVBသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=915643577260686&id=100064451569209&mibextid=oFDknk&rdid=KDfUvTZRV1ArjqZu

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြန့်ချီနေတာ ဖြစ်ကြောင်း သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.