အမှန်/အမှား

+++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီတပ် လေ ယာဉ်နဲ့ ဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦး သေဆုံးမှုအပေါ် သတင်းအမှားဆိုပြီး”စစ်တပ်လော်ဘီချန်နယ်တွေကသတင်းအမှား ဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ MOI ၊ ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေအပါအဝင် တပ်လော်ဘီလူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဩဂုတ် ၁၀ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီက တိုက် လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် အရပ်သား ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ လွတ်လပ်သောသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဩဂုတ် ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ မြောက်ဦးမြို့ ရှစ်သောင်းသွားလမ်း မြောက်ဦးဟို တယ်နဲ့ ဦးဥတ္တမပန်းခြံအနီးတဝိုက်သို့ ဗုံးတစ်လုံးလာကြဲသွားခဲ့တယ်လို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံတွေကို မေးမြန်းကာ နိရဉ္စရာသတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်သွားခဲ့တဲ့ နေရာက မြို့ရဲ့အလယ်ခေါင် မည့်သည့်စစ်ဘက်ဆိုင်ရာမှလည်း မရှိတဲ့အပြင် ဒီအတိုင်း အရပ်သားတွေကို ပစ်မှတ်ထားကာ လူစည်ကားတဲ့နေရာကို ပစ်သွားတာဖြစ်ပြီး သုံးဘီးမောင်းသူနဲ့ ခရီးသည် ၂ ယောက်နဲ့ သေဆုံးသွားတယ်ဟု DVBသတင်းဌာနက ဖော်ပြထားပါတယ်။

နိရဉ္စရာသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?

story_fbid=907985271368603&id=100064714144852&mibextid=oFDknk&rdid=DptldMAXctCkDNEf

DVBသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=904658735025837&id=100064451569209&mibextid=oFDknk&rdid=czSdWnJgHeMiGJw3

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.