August 13, 2024

စစ်အာဏာသိမ်း (၁၂၉၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁၄ AAPP ရဲ့ သြဂုတ် ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၉၀) ရက်အတွင်း ပြည်သူ (၅၄၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၉၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာလည်း စက်သုံးဆီပြတ်ပြီ

မော်လမြိုင် ၊ ဩဂုတ် ၁၄ မွန်ပြည်နယ်အတွင်း စက်သုံးဆီဝင်ရောက်မှု မရှိတဲ့အတွက် စက်သုံးဆီအရောင်းဆိုင်အများစုမှာ ဆီလုံးဝပြတလပ်သွားပြီး ဝယ်မရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေနဲ့ စက်သုံးဆီလုပ် ငန်းရှင်တွေထံကနေ သိရပါတယ်။ စက်သုံးဆီပြတ်လပ်မှုဟာ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်အပါအဝင် မြို့နယ် ၁၀ မြို့နယ်လုံးမှာ သြဂုတ် ၁၃ ရက်နေ့ကစပြီး လုံးဝပြတ်လပ်သွားခဲ့တာပါ။ စက်သုံးဆီအရောင်းဆိုင်တွေမှာတော့ လူသုံးများတဲ့ ဓာတ်ဆီ အမျိုးအစား…

ဘီးလင်းမြို့ဝင်ကြေးဂိတ် ပစ်ခတ်ခံရလို့ ဝန်ထမ်း ၅ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဩဂုတ် ၁၄ မွန်ပြည်နယ် ဘီးလင်းမြို့ ကန်သာယာရပ်ကွက် နောင်ရိုးကွက်သစ်အနီးရှိ မြို့ဝင်ကြေးကောက်ခံရေးဂိတ် ပစ်ခတ်ခံရတာကြောင့် ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အဲ့ဒီမြို့ဝင်ကြေးဂိတ်ကို သြဂုတ် ၁၂ ရက်နေ့ ည ၆ နာရီအချိန်ခန့်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက် ပစ်ခတ်သွားတာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် မြို့ဝင်ကြေးဂိတ်က ဝန်ထမ်းတွေဖြစ်တဲ့ ဦးမောင်မောင်စော၊ ဦး…

ထားဝယ်အရှေ့တောမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်နဲ့ချီ တိမ်းရှောင်နေရ

ထားဝယ်၊ ဩဂုတ် ၁၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။ အင်အား ၈၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကစပြီး ပကာရီကျေးရွာကနေတစ်ဆင့် ထားဝယ်ရှေ့တောဒေသထဲ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ပကာရီ၊…

မြောက်ဦးဗုံးကြဲမှု အရပ်သားသေဆုံးတာ သူတို့လက်ချက်မဟုတ်ဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီတပ် လေ ယာဉ်နဲ့ ဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦး သေဆုံးမှုအပေါ် သတင်းအမှားဆိုပြီး”စစ်တပ်လော်ဘီချန်နယ်တွေကသတင်းအမှား ဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ…

မကွေးတိုင်းက မြို့နယ်တော်တော်များများမှာ စက်သုံးဆီ ပြတ်လပ်နေ

မကွေး ဩဂုတ် ၁၃ မကွေးတိုင်းအတွင်းက မြို့နယ်တွေမှာ အခုလတ်တလော စက်သုံးဆီပြတ်လပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ သြဂုတ်လ ၁၃ ရက်ကစလို့ မကွေးတိုင်းက မြို့နယ်တော်တော်များများမှာ စက်သုံးဆီပြတ်လပ်နေတာပါ။ “ကျွန်တော်တို့ပွင့်ဖြူမှာတော့ ဘယ်ဆိုင်မှာမှဝယ်မရတော့ဘူး။ တန်းစီတာက မနေ့ညကတန်းစီရတယ်။ ဒီနေ့တော့ ဆိုင်တွေကပိတ်တယ်” လို့ ပွင့်ဖြူဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ သြဂုတ် ၁၂ ရက်အထိ အကန့်အသတ်နဲ့ ဝယ်ယူလို့ရခဲ့ပေမယ့် သြဂုတ်…

မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိနေတယ်လို့ ညီနောင်သုံးဖွဲ့ပြော

လားရှိုး၊ ဩဂုတ် ၁၃ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာစေရေးအတွက် တစ်သွေးတစ်သားတည်း အတူရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဩဂုတ် ၁၂ ရက်နေ့မှာ အသိပေးကြေညာပါတယ်။ ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင့်အဖွဲ့တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရရှိလာတဲ့ အောင်မြင်မှု မြို့သိမ်းတိုက်ပွဲတွေအပေါ် ဂုဏ်ပြုလွှာတွေ ပေးပို့လာကြတဲ့ အဖွဲ့အစည်းအသီးသီးနဲ လူပုဂ္ဂိုလ်တွေကို အထူးကျေးဇူးတင်ရှိတယ်လို့…

မြန်မာနိုင်ငံဆိုင်ရာသံအမတ်နဲ့ ကောင်စစ်ဝန်ချုပ်တို့ကို အမျိုးသမီးတွေနဲ့ တရုတ်အပြောင်းအလဲလုပ်

နေပြည်တော် ၊ ဩဂုတ် ၁၃ ရှမ်း-မန်း စစ်ဆင်ရေးတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ လစ်လပ်နေတဲ့ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရန်ကုန်အခြေစိုက်သံအမတ်ကြီးနဲ့ မန္တလေးအခြေစိုက် ကောင်စစ်ဝန်ချုပ်တို့နေရာမှာ အမျိုး သမီးနှစ်ဦးနဲ့ အပြောင်းအလဲလုပ်လာပါတယ်။ အရင် တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းနဲ့ တရုတ်ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်းတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းနဲ့ ဒုတိယပတ်အတွင်း တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပြီး တစ်လအကြာမှာ အခုလိုခန့်အပ်လာတာ ဖြစ်ပါတယ်။…

TNLA သိမ်းပိုက်ထားတဲ့ နမ့်ဆန်မြို့ကို စစ်တပ်ဗုံးကြဲ

နမ့်ဆန်၊ ဩဂုတ် ၁၃ တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ နမ့်ဆန်မြို့ကို ည ၁၁ နာရီခွဲမှာ တစ်ကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ်၊ ၁၁ နာရီ ၅၁ မိနစ်မှာ တစ်ကြိမ် စုစုပေါင်းသုံးကြိမ်…

မဲဆောက်မြို့က အစာအာဟာရ ပါရမီရှင်များ (သို့) ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေကို ပစ်မထားဘူး ရအောင်ပံ့ပိုးမယ်။ ကူညီမယ်။ ဒါကြောင့်အားလုံးစိတ်မလျော့ပါနဲ့ တော်လှန်ရေးပြီးတဲ့ ဆက်လက်တောင့်ခံပေးကြပါဦး” – ကိုမင်းသွေးသစ် (မြေပြင်တာဝန်ခံ) စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို နွေဦးတော်လှန်ရေးလုပ်ဆောင်သူတွေ၊ ထောက်ခံသူတွေဟာ ခိုလှုံရောက်ရှိလာခဲ့ကြပါတယ်။ လူတစ်ယောက်အတွက် အဓိကကျတဲ့ စား၊ ဝတ်၊ နေရေး အခက်အခဲတွေထဲက စားသောက်ရေးအတွက် မဲဆောက်မြို့ဆီ ရောက်ရှိလာကြသူတွေဟာ…