မုန်း၊ ဩဂုတ် ၁၀

ပဲခူးတိုင်း မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သြဂုတ် ၁၀ ရက်နေ့မှာ ထုတ် ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က KNU မုန်းမြို့နယ် သစ်ဖြူဆိတ်ကျေးရွာကို စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တဲ့အတွက် အသက် ၆၀ ကျော်အရွယ် ဦးကြည်အေးသေဆုံးခဲ့ပြီး ဦးတင်ထွန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ် ၇ ရက်နေ့ကလည်း ရွှေဝါအခြေစိုက် အမှတ် ၃၀၇ မြေမြန်တပ်ရင်းကနေ လက် နက်ကြီး ၁၂၀ မမ နှစ်လုံး ပစ်ခတ်ခဲ့တဲ့အတွက် ငတိုးခင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၉၅ နှစ်အရွယ် အဘွားအိုဒေါ်ဝိုင်းတိ ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

အလားတူ ဩဂုတ် ၅ ရက်နေ့က စစ်ကောင်စီရဲ့ အမှတ် ၇၃ ခြေလျင်တပ်ရင်းက လက်နက်ကြီးပစ် ခတ်ရာကနေ ကျောက်ကြီးပေါက်ကျေးရွာထဲ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁ ရက်နေ့ကလည်း KNU ကျောက်ကြီးမြို့နယ် နောင်ချိုကျေးရွာထဲ စစ်ကောင် စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးသေဆုံးပြီး သားသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြည်သူလူထု ခုနှစ်သိန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.