မောင်တော၊ ဩဂုတ် ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် မူဆလင်တပ်ဖွဲ့တွေရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးပိတ်လှောင်ခံရတဲ့ ရိုဟင်ဂျာလူမျိုးအပါအဝင် ဒေသခံ ၈၀၀ နီးပါး ကယ်ထုတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဩဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်ဟာ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက် ခိုက်နေတာကြောင့် မောင်တောမြို့အနီး ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေအနေနဲ့ တိမ်း ရှောင်ကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်မူဆလင်တပ်တွေနဲ့ အကြမ်းဖက်မူဆလင်အဖွဲ့တွေဟာ ဒေသခံအရပ်သားပြည်သူတွေကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်း ဆီးခေါ်ဆောင်ခဲ့တယ် လို့ AA က ဆိုပါတယ်။

မောင်တောမြို့နယ် ဗိုလ်မှူး (မူဆလင်)ရွာမှာ ရိုဟင်ဂျာသက်ကြီးရွယ်အိုအပါအဝင် အမျိုးသား၊ အ မျိုးသမီးနဲ့ ကလေးသူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ ၃၀၀ ကို ဩ ဂုတ် ၈ ရက်နေ့မှာ တိုက်ပွဲကြားမှ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၃ နာရီအချိန်ခန့်မှာလည်း မောင်တောမြို့ အမှတ် ၈ ရပ်ကွက် ကညင်တန်းရွာမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာလူမျိုး ၅၀၀ နီးပါးကိုလည်း ရက္ခိုင့်တပ်တော် AA မှ ဘေးကင်းလုံခြုံတဲ့နေရာကို ကယ်ထုတ်ခဲ့တယ်လို့ ရုပ်သံဖိုင်နဲ့ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကလည်း မောင်တောမြို့ လသာရွာမှာ ပိတ်မိနေတဲ့ ရွာသူရွာသားတွေကို ရက္ခိုင့်တပ်တော်က ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.