တနင်္သာရီ၊ ဩဂုတ် ၁၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းကို ရိ က္ခာလာပို့တဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်မှာ တပ်အင်အား ၃၀ ဝန်းကျင်နဲ့ ခမရ ၅၆၁ တပ် ရင်းထံ ရိက္ခာလာပို့တဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း ၁ က မြေမအုံကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် မိနစ်အနည်းငယ်အကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်မှာလည်း အဲ့ဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီလေတပ်က K8-W ဂျက်တိုက် လေယာဉ်နဲ့ တနင်္သာရီက ကျေးရွာသုံးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောက်မိကျောင်းရွာ ဘုန်ကြီးကျောင်းနဲ့ ညောင်ပင်ကွင်းကျေးရွာမှာလည်း အိမ်မွေးနွား ၂ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တနင်္သာရီမြို့နယ် ကျေးရွာတွေရှိ စစ်ကောင်စီတပ်တွေထံ ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် နေ့စဉ်ဆိုသလို ကြားဖြတ်တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီလေတပ်ကလည်း တနင်္သာရီမြို့ နယ်က ကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာလည်း ဇဝဲအခြေစိုက်နဲ့ မောတုံးအခြေစိုက် စစ်ကောင်စီတပ်ထံ ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက နှစ်ရက် ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.