August 10, 2024

ညောင်လေးပင်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီဒုတပ်ရင်းမှူးအပါအဝင် နှစ်ဦးသေဆုံး

ညောင်လေးပင်၊ သြဂုတ် ၁၁ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီစစ် ကြောင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတို့ သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုရဲ့ တောကျီးကန်းစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ရေဖြူကန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကတည်းက စတင်တပ်စွဲထားပြီး ပြည်သူတွေရဲ့ စက်သုံးဆီတွေကို မတရားသိမ်းဆည်းယူဆောင်တာ၊ ဓားစာခံအဖြစ်…

တနင်္သာရီမှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ

တနင်္သာရီ၊ ဩဂုတ် ၁၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းကို ရိ က္ခာလာပို့တဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်မှာ တပ်အင်အား ၃၀…

မွန်ပြည်နယ်မှာ တစ်လအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

မော်လမြိုင် ၊ ဩဂုတ် ၁၁ မွန်ပြည်နယ်မှာ စစ်ရေးပဋိပက္ခပြင်းထန်မှုနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေဟာ ဆက်လက်ဆိုးရွားနေတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်အတွင်း အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ကနေ သိရပါတယ်။ ဇူလိုင်တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အ ချက်အလက်တွေကို လဂွမ်းအိမ်က ကိန်းဂဏန်း အချက်အလက်တွေနဲ့တကွ ဩဂုတ် ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။…

တနင်္သာရီ ညောင်ပင်ကွင်းဂိတ် တိုက်ခိုက်ခံရလို့ စစ်တပ်ဗုံးကြဲ

တနင်္သာရီ၊ ဩဂုတ် ၁၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်နဲ့လာရောက်ဗုံးကြဲသွားတယ်လို့ တောင်ပိုင်းညီနောင်များ တပ်ပေါင်းစုစစ်ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက် ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၆…

KNU မုန်းမြို့နယ်မှာ လက်နက်ကြီးနဲ့ဒရုန်းကြောင့် အရပ် သားတစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ

မုန်း၊ ဩဂုတ် ၁၀ ပဲခူးတိုင်း မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သြဂုတ် ၁၀ ရက်နေ့မှာ ထုတ် ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က KNU မုန်းမြို့နယ် သစ်ဖြူဆိတ်ကျေးရွာကို စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တဲ့အတွက် အသက် ၆၀ ကျော်အရွယ် ဦးကြည်အေးသေဆုံးခဲ့ပြီး ဦးတင်ထွန်း…

မောင်တောမှာပိတ်မိနေတဲ့ ရိုဟင်ဂျာအပါအဝင်ဒေသခံ ၈၀၀ နီးပါး AA ကယ်ထုတ်

မောင်တော၊ ဩဂုတ် ၁၀ ရခိုင်ပြည်နယ် မောင်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် မူဆလင်တပ်ဖွဲ့တွေရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးပိတ်လှောင်ခံရတဲ့ ရိုဟင်ဂျာလူမျိုးအပါအဝင် ဒေသခံ ၈၀၀ နီးပါး ကယ်ထုတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဩဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရက္ခိုင့်တပ်တော်ဟာ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက် ခိုက်နေတာကြောင့် မောင်တောမြို့အနီး ပတ်ဝန်းကျင်ကျေးရွာတွေက…

အစ္စရေးကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အီရန်ခေါင်းဆောင် ညွှန်ကြား

တီဟီရန်၊ သြဂုတ် ၁၀ တီဟီရန်မြို့မှာ ဟားမာ့စ်ခေါင်းဆောင် တစ်ဦးကို လုပ်ကြံသတ်ဖြတ်မှု အတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဒုတိယအကြီးအကဲက သြဂုတ် ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ အီရန်ထိပ်တန်း ခေါင်းဆောင်က အာဇာနည် အစ္စမေးလ် ဟာနီယာရဲ့…

ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ ဘင်္ဂလားဒေ့ချ် ပြန်လာမယ်လို့ သားဖြစ်သူ ပြော

ဒါကာ၊ သြဂုတ် ၁၀ ရာထူးက နုတ်ထွက်ပြီး နိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို ကြေညာချိန်ပြီးချိန်မှာ ဘင်္ဂလားဒေ့ချ်သို့ ပြန်လာမှာ ဖြစ်ကြောင်း သားဖြစ်သူ ဆာဂျစ် ဝါဇက် ဂျွိုင်းက ပြောကြားလိုက်ပါတယ်။ ဆိုးဆိုးရွားရွား မငြိမ်မသက်မှုတွေ ဖြစ်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ချ်က ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာဟာ လောလောဆယ်…

ထားဝယ်မောင်မယ်ရှောင်ရွာကို စစ်တပ်မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ လိမ်လည်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး PDF တွေရှို့တာ”ဆိုပြီး ဝါဒဖြန့်သတင်းစာတွေနဲ့ စစ်တပ်လော်ဘီချန်နယ်တွေက သတင်းအမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာ၊မြန်မာ့အလင်းသတင်းစာနဲ့…