အမှန်/အမှား

++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ မရှိဘူး”လို့ ဝါဒဖြန့်သတင်းစာတွေနဲ့ တပ်လော်ဘီချန်နယ်တွေက ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာ၊မြန်မာ့အလင်းသတင်းစာနဲ့ စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဩဂုတ် ၆ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း စဉ်ကူးမြို့နယ် ကံတောင်၊ နွယ်ရုံနဲ့ လက်ပန်လှရွာကို သြဂုတ်၄ ရက်ကနေ ၆ရက်အထိ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကံတောင်ရွာက ပြည်သူ ၃ဦး၊ နွယ်ရုံရွာက ပြည်သူ ၁၀ ဦးနဲ့ လက်ပန်လှရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်-မန္တလေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြေပြင်မှာရှိနေသူတွေရဲ့ ပြောပြချက်အရ စဉ့်ကူးမြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူးလို့ သိရပြီး ဒီရက်ပိုင်းတိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒေသတွင်းသတင်းဌာန MFP မှာတော့ စစ်အုပ်စုက တိုက်ပွဲမရှိဘဲ စဉ့်ကူးမြို့နယ် ကန်တောင်ရွာနဲ့ ရွာအနီးက ရွှေလုပ်ကွက်တွေထဲ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ ဗုံးကြဲရာဗုံးထိမှန်လို့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပြီး ရွာခံပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေပြောပြတာကို သတင်းရေးသားဖော်ပြထားပါတယ်။

ပွညျသူ့ကာကှယျရေးတပျမတောျ-မန်တလေးရဲ့ထုတ်ပြန်ချက်လင့်

https://www.facebook.com/story.php?story_fbid=122130937430305733&id=61559171995407&rdid=IWsJL5f0XKYuPydU

BBCသတင်းဌာနကဖော်ပြထားတဲ့လင့်

MFPသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=547024644323327&id=100070473873342&mibextid=oFDknk&rdid=on9CRdCdfzk4QHfH

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.