အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ မန္တလေးတိုင်း စဉ့်ကူးနဲ့ မိုးကုတ်မြို့မှာ မန္တလေး PDF က ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်ချိနေတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇူလိုင် ၂၆ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက သိမ်းပိုက်ရရှိထားတဲ့ အဲဒီမြို့တွေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ် ကင်းရှင်းရေး လမ်းညွှန်ချက်တွေကို အသိပညာပေးလျက်ရှိတယ်လို့ ဇူလိုင် ၂၆ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

DVB သတင်းဌာနရဲ့ ဖော်ပြချက်အရ မန္တလေး PDF ပြန်ကြားရေးတာဝန်ခံက သိမ်းပိုက်ရရှိထားတဲ့ မြို့တွေက ပြည်သူတွေအနေနဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းကြောင်း မေးမြန်းပြီး သတင်းတင်ဆက်ထားပါတယ်။

မန္တလေးPDFအဖွဲ့ထုတ်ပြန်ချက်လင့်

https://www.facebook.com/story.php?story_fbid=457872690376130&id=100084602090156&mibextid=oFDknk&rdid=I3RqRh4EiHYl8Qsb

DVBသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://burmese.dvb.no/post/662340?fbclid=IwY2xjawEUfHVleHRuA2FlbQIxMAABHW8z0KX-zRgQYD2XUPzwmBG6gu34YkwXAoqBibAi56xtYsHLBgJOLsl5DQ_aem_KTIB1r38KOafaGP48u5IQw

People’s Springသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=823010056564455&id=100065664033865&mibextid=oFDknk&rdid=bDbx9ywswK9KDwrs

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.