July 17, 2024

စစ်အာဏာသိမ်း (၁၂၆၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၀၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၈ AAPP ရဲ့ ဇူလိုင် ၁၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၆၃) ရက်အတွင်း ပြည်သူ (၅၄၀၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၈၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

သိမ်ဇရပ်မှာ လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇူလိုင် ၁၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက်ထဲ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး…

မိုင်းခွဲခံရတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းနဲ့ ရထားလမ်းပိုင်း ဆက်သွယ်ရေး ဘယ်လိုဆက်ရှိနေလဲ

သထုံ ၊ ဇူလိုင် ၁၈ မွန်ပြည်နယ် သထုံမြို့နယ်ရှိ မော်လမြိုင်-ရန်ကုန်ကားလမ်းနဲ့ မော်လမြိုင်- ရန်ကုန်ရထားလမ်းပိုင်းတွေ မိုင်းခွဲခံရတာကြောင့် တံတားတစ်စင်းပြိုကျပျက်စီးခဲ့သလို ရထားလမ်းပိုင်းပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်မှာရှိတဲ့ ကရင်လေးဆိပ်တံတားဟာ ဇူလိုင် ၁၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အရှည် ၁၀ ပေ၊ အကျယ် ၅၄…

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ် ၁၀ သိန်းမှ သိန်းတစ်သောင်းအထိ ချီးမြှင့်မယ်လို့ MNDAA ကြေညာ

မော်လမြိုင်၊ ဇူလိုင် ၁၈ တစ်ကျော့ပြန်စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေမှာ အလင်းဝင်လာတဲ့ စစ်ကောင် စီတပ်သားတွေကို ယူဆောင်လာတဲ့ လက်နက်အမျိုးအစားအပေါ် မူတည်ပြီး ကျပ် ၁၀ သိန်းကနေ သိန်းတစ်သောင်းအထိ ဆုငွေချီးမြှင့်မယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ စစ်သည်အဆင့်မှ ဗိုလ်ကြီးအဆင့်ရှိသူတွေ မိမိဆန္ဒအလျောက် လက်နက်ချအလင်း ဝင်လာသူတွေကို…

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စစ်ကောင်စီမြန်မာနယ်ခြားစောင့်တပ်တွေ ထွက်ပြေးတာမရှိဘူး”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ချန်နယ်နဲ့ Ko Thet စတဲ့…

မြဝတီ-ထို့ကော်ကိုးလမ်း သုံးရက်ပိတ်မယ်

မြဝတီ၊ ဇူလိုင် ၁၈ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ တောင်ပေါ်လမ်းတစ်လမ်းဖြစ်တဲ့ မြဝတီ- ထို့ကော်ကိုးလမ်းကို သုံးရက်ကြာပိတ်ပင်သွားမယ်လို့ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့က ထုတ်ပြန်ပါတယ်။ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ ထိန်းချုပ်ထားတဲ့ မြဝတီ-ထို့ကော်ကိုးလမ်းကို ဇူလိုင် ၁၈ ရက်နေ့ကနေ ၂၀ ရက်အထိ သုံးရက်တိုင် ခေတ္တပိတ်ပင်သွားမှာဖြစ်ပြီး ပိတ်ပင်ထားတဲ့ရက်တွေအတွင်း…

ပခုက္ကူမြို့နယ်က အောင်သာကျေးရွာကို ကာကွယ်ရေးအဖွဲ့တွေ စီးနင်းတိုက်ခိုက်၊ ပျူစောထီး ၅ ဦးသေဆုံးပြီး ၁၀ ဦးကို သုံ့ပန်းအဖြစ် ရရှိ

ပခုက္ကူ၊ ဇူလိုင် ၁၇ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပျူစောထီးကျေးရွာကို ကာကွယ်ရေးအဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) မှတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဇူလိုင် ၁၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်ကစလို့ ဘဲကြီးအုပ်စု၊ အောင်သာ ပျူစောထီးကျေးရွာကို တစ်နာရီကြာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း ပျူစောထီး ၅ ဦးသေဆုံးပြီး ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကာ…

ဘန်ကောက်မြို့ရဲ့ ဟိုတယ်တစ်ခုမှာ အဆိပ်ခတ်ခံရလို့ နိုင်ငံခြားသား ၆ ဦး သေဆုံး

ဘန်ကောက်၊ ဇူလိုင် ၁၇ ဘန်ကောက်မြို့ရှိ အဆင့်မြင့် ဟိုတယ်တစ်ခုရဲ့ အခန်းထဲမှာ ဇူလိုင် ၁၆ ရက်က သေဆုံးလျက်တွေ့ခဲ့ရတဲ့ နိုင်ငံခြားသား ၆ ဦး သေဆုံးမှုကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူတွေဟာ အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ အရာရှိတွေက သံသယရှိနေပါတယ်။ အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ နှစ်ယောက်နဲ့ အတူ ဗီယက်နမ်နွယ်ဖွားတွေဖြစ်ကြတဲ့ သေဆုံးသူ ခြောက်ယောက်…

ထွက်ပြေးလာတဲ့ မြန်မာစစ်သားတွေကို ဘင်္ဂလားဒေ့ချ် နှင်ထုတ်

တီခနက်ဖ်၊ ဇူလိုင် ၁၇ လက်နက်ကိုင်တပ်တွေရဲ့ ထိုးဖောက်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ချ် ပိုင်နက်ထဲကို ထွက်ပြေးလာတဲ့ မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို တားဆီးပြီး ပြန်လွှတ်ခဲ့ကြောင်း နယ်စပ်ရှိ မြစ်အနီး အခြေစိုက်တဲ့ ဒေသဆိုင်ရာ အစိုးရအရာရှိ တစ်ဦးက ဇူလိုင် ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင့်တပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြတာ…

မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ကရင်လေးဆိပ်တံတား မိုင်းခွဲခံရ

သထုံ၊ ဇူလိုင် ၁၇ မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေထံကနေ သိရပါတယ်။ အဲဒီတံတားဟာ မနေ့ ဇူလိုင် ၁၆ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ မိုင်းခွဲခံရတာကြောင့် အရှည် ၁၀ ပေ အကျယ် ၅၄ ပေရှိတဲ့ တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့တာ…