မနီလာ၊ ဇွန် ၂၀

ဖိလစ်ပိုင် ဒုတိယသမ္မတဖြစ်သူ ဆာရာဒူတာတေးဟာ သူ့ရဲ့မဟာမိတ်တွေပြိုလဲနေချိန်မှာ သမ္မတမားကို့စ်ရဲ့ အစိုးရဝန်ကြီးများ ရာထူးတွေကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဒုသမ္မတ ဆာရာဒူတာတေးဟာ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ အစိုးရအဖွဲ့နဲ့ အခြားအဓိကရာထူးတွေကနေ ဇွန် ၁၉ ရက်နေ့မှာ နုတ်ထွက်လိုက်တာဖြစ်ပါတယ်။

ဒူတာတေးနဲ့ မားကို့စ်တို့ မိသားစုနှစ်စုကြား တင်းမာနေတဲ့ ဆက်ဆံရေးဟာ မကြာသေးမီလတွေအတွင်းမှာ အကွဲအပြဲအဖြစ်သို့ ဦးတည်လာခဲ့ပြီးနောက် ဒီလိုနုတ်ထွက်မှုဖြစ်ပေါ်လာခဲ့တာပါ။

ဒုသမ္မတ ဒူတာတေးအနေနဲ့ သူတာဝန်ယူထားတဲ့ ပညာရေးဝန်ကြီးအဖြစ်မှသာမက အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ရဲ့ ဒုဥက္ကဋ္ဌရာထူးကနေပါ နုတ်ထွက်ခဲ့တာဖြစ်ပြီး နုတ်ထွက်စာကိုလည်း မားကို့စ်က လက်ခံလိုက်ပြီဖြစ်ကြောင်း သမ္မတရုံးရဲ့ ဆက်သွယ်ရေးအတွင်းဝန် Cheloy Garafil က အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီလိုရာထူးမှ နုတ်ထွက်ရခြင်းအတွက်လည်း အကြောင်းပြချက်မပေးခဲ့ကြောင်း မားကို့စ်က ပြောကြားခဲ့ပါတယ်။

ဒုတိယသမ္မတအဖြစ် ဆက်ရှိနေမယ့် ဆာရာဒူတာတေးက သူမရဲ့နုတ်ထွက်မှုဟာ အားနည်းချက်ကြောင့် မဟုတ်ဘဲ ဆရာတွေနဲ့လူငယ်တွေအတွက် အမှန်တကယ်စိုးရိမ်ကြောင့်ကြမှုတွေရှိနေတာကြောင့် ဒီလိုလုပ် ဆောင်ရတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့တာပါ။

မားကို့စ်နဲ့ သူမတို့ကို ၂၀၂၂ ခုနှစ်မှာ အာဏာရစေခဲ့တဲ့ သူတို့ရဲ့မိသားစုတွေကြား မဟာမိတ်ဖွဲ့မှုဟာ လက်ရှိ အချိန်မှာတော့ နိုင်ငံရေး နဲ့မူဝါဒကွဲပြားမှုတွေကြာင့် ပြိုလဲသွားတော့မှာဖြစ်ကြောင်းကိုလည်း နိုင်ငံရေးအကဲခတ်တွေက ခန့်မှန်းထားခဲ့ပါတယ်။

“ကျွန်တော်တို့အားလုံး စောင့်မျှော်ခဲ့ရတဲ့ အနားယူချိန်ပါပဲ” လို့ဖိလစ်ပိုင်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Jean Encinas-Franco က ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားချက်ဟာ ဒုသမ္မတရဲ့ အစိုးရအဖွဲ့ရာထူးက နုတ်ထွက်ခြင်းကို ထောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.