အမှန်/အမှား
+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အရပ်သားပြည်သူတွေ အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဟာ စစ်ကောင်စီလက်ချက်မဟုတ်ဘဲ အာရက္ခတပ်တော် AA ကျူးလွန်တာ”ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေက မေ ၃၁ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာလို့ခေါ်တဲ့ ဆတ်ရိုးကျရပ်ကွက်မှ ဒေသခံအမျိုးသား ၄၀ ကျော်ကို မေ ၃၁ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကို မေးမြန်းကာ လွတ်လပ်သော သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီနဲ့ ALP ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရွာသူရွာသားတွေကို ရွာမှနှင်ထုတ်ပြီး အမျိုးသမီးငယ်တချို့ကိုလည်း စစ်ကောင်စီတပ်သားတွေက မုဒိမ်းကျင့်ခဲ့တယ်လို့ Myanmar Now သတင်းဌာနက ဖော်ပြထားပါတယ်။

Myanmar Now သတင်းဌာနရဲ့ ဖော်ပြချက်အရ စစ်ကောင်စီတပ်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဗျိုင်းဖြူရွာက အသက် ၁၅ နှစ်အရွယ်ကနေ အသက် ၇၀ အ ရွယ် အမျိုးသားတွေကို ရွာအရှေ့ဘက် ရေကန်အနီးသို့ ခေါ်ဆောင်သွားပြီး မေ ၃၁ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ လူသတ်ပွဲဆင်နွှဲခဲ့ကြောင်းနဲ့ အလောင်းဖျက်မှုတွေလည်း ကျူးလွန်ခဲ့တယ်လို့ လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်ကို ဖော်ပြထားပါတယ်။

MYANMAR NOWသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=842828274546586&id=100064582638283&mibextid=oFDknk&rdid=vhYJ9e2KKcvMtcul

MIZZIMAသတင်းဌာနမှာ ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=792046226402971&id=100067928020493&mibextid=oFDknk&rdid=vF0BhfL0SBZHoRdz

AAထုတ်ပြန်ချက်လင့်

https://t.me/aainfodesk/942?fbclid=IwZXh0bgNhZW0CMTAAAR2nyzzU3DoDpOIHeV2xBzmKItB3jGpU9_teYValDSw4C8r_H1q6z98BqfI_aem_AaOntTtw4XHEKLUdbgcGZpSn6Q3wCyvcqq86TXKIieVIKwDwSyhz6CAG17vEJ_O5i-6iQNQN0wxcVA5nqCnvHp-b

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.