အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးစုတွေအပေါ် ရက္ခိုင့်တပ်တော် AA က လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုကျူး လွန်ခဲ့တယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအမည်နဲ့ ထုတ်ပြန်စာ (အတု)ကို စစ်တပ်လော်ဘီအကောင့်တွေက ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မေ ၂၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရခိုင်ပြည်နယ်မှာ AA က ရိုဟင်ဂျာလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုပြီး လွတ် လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားတာမရှိသလို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ ထုတ်ပြန်စာ (အတု) ဖြစ် ကြောင်း NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မေ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://web.facebook.com/528285863/posts/pfbid02zgFLjCsKZPhGxupVFuM4VGZVaLBEZhwjh4TxPES7dpUh6YUSaDKsyjNPQSxJ52eXl/?mibextid=Nif5oz&_rdc=1&_rdr

Ministry of human RIGHT ရဲ့ထုတ်ပြန်ချက်

https://web.facebook.com/mohrmyanmar/posts/pfbid036e1Q85ztcg7vNqeER55FvxUzTKq1t23j7zWptfEdNdFuFK99DSs92q8bvwk4vVxEl?_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.