ဆိုးလ်၊ မေ ၂၁

မြောက်ကိုရီးယားခေါင်ဆောင်း ကင်ဂျုံအန်ကို ချစ်ခင်တတ်တဲ့ ဖခင်ကြီးနဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်အဖြစ် ချီးကျူးအမွှန်းတင်ထားတဲ့ ဝါဒဖြန့်ဗီဒီယိုဖိုင်ကို တားမြစ်ကြောင်း တောင်ကိုရီးယား မီဒီယာစည်းကြပ်ရေးအဖွဲ့က မေ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အက်ဥပဒေအရ ကင်ဂျုံအန်ကို ချီးကျူးဂုဏ်ပြုထားတဲ့ အဲ့ဒီဗီဒီယိုကို တားမြစ်တာ ဖြစ်ပြီး မီဒီယာတွေအနေနဲ့လည်း ဖော်ပြခွင့်မရှိဘူးလို့ ဆိုပါတယ်။

၁၉၅၀-၁၉၅၃ ခုနှစ်က ကိုရီးယား စစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ မဟုတ်ဘဲ အပစ်ရပ်ရေး သဘောတူညီမှုနဲ့ပဲ အဆုံးသတ်ခဲ့တာကြောင့် ကိုရီးယားနှစ်နိုင်ငံဟာ တကယ်တော့ စစ်ဖြစ်နေဆဲ သဘော ဖြစ်ပါတယ်။

FILE PHOTO: North Korean leader Kim Jong-un attends a ground test of a solid-fuel engine for a new type of intermediate-range hypersonic missile as part of a program of developing national defense capability, at an unknown location in North Korea, March 19, 2024. KCNA via REUTERS /File Photo

မြောက်ကိုရီးယားရဲ့ ဝါဒဖြန့် ဗီဒီယိုဟာ ဥပဒေချိုးဖောက်ရာ ရောက် မရောက် တောင်ကိုရီးယားထောက်လှမ်းရေး ဌာနက စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပြီးနောက် တောင်ကိုရီးယား ဆက်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းကော်မရှင်က အဲဒီလိုမျိုး တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုဟာ တကယ်တော့ တောင်ကိုရီးယားကို စိတ်ဓာတ် စစ်ဆင်ရေးလုပ်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတာ ဖြစ်ပြီး ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ချန်နယ်လိုင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

အဲဒီဗီဒီယိုဟာ TikTok နဲ့ တခြားမီဒီယာတွေပေါ်မှာ အချိန်ခဏတာအုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပေမယ့် အဓိကလူမှုမီဒီယာတွေပေါ်မှာ လူကြိုက်များဖို့တော့ မရှိဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားက နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ပြည်သူတွေက ထောက်ခံကြောင်း မကြာခဏဆိုသလို ပုံကြီးချဲ့ပြီး ဖော်ပြလေ့ ရှိပါတယ်။

ချစ်ခင်တတ်တဲ့ဖခင်လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီဗီဒီယိုဖိုင်ကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ပြီးခဲ့တဲ့လမှာ စတင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.