May 20, 2024

စစ်အာဏာသိမ်း (၁၂၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၁ AAPP ရဲ့ မေ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၅) ရက်အတွင်း ပြည်သူ (၅၁၀၇ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာလို့ မွန်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ

မော်လမြိုင် ၊ မေ ၂၁ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြ ဿနာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတဲ့အတွက် အခုနှစ်မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ တောင်သူလယ်သမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မိုးစပါးစိုက်ပျိုးဧက ၇ သိန်းနီပါးရှိတဲ့ မွန်ပြည်နယ်မှာ မိုးစပါးကို နှစ်စဉ် မေလအလယ်က ဇူလိုင်လဆန်းပိုင်းအထိ စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့…

စစ်အာဏာရှင်တိုက်ဖျက်ရေး သုံးလတာခရီး မွန်ပြည်သစ်ပါတီ AD ဘာတွေရှင်းလင်းခဲ့လဲ

ရေး ၊ မေ ၂၁ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD အ နေနဲ့ သုံးလတာပြည့်မြောက်ချိန်မှာ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းအသီးသီးနဲ့ အွန်လိုင်းကနေ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံရှင်းလင်းပွဲဟာ မွန်ပြည်သစ်ပါတီ AD ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဖို့နဲ့ အဖွဲ့အစည်းအသီးသီးဆီက အသံနဲ့အကြုံပြုချက်တွေရယူနိုင်ဖို့ ရည်ရွယ်ပြီး မေ ၁၉ ရက်နေ့မှာ သုံးနာရီကြာတဲ့…

ဖာပွန်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဖာပွန်၊ မေ ၂၁ ကရင်ပြည်နယ် ဖာပွန်မြို့အနီး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်းတွေကို တော် လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ KNLA တပ်မဟာ ၅ ထံကနေ သိရပါတယ်။ ဖာပွန်မြို့အနီးရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ ခလရ ၁၉၊ ခမရ ၄၃၄ ၊ စစန ၆၄၂…

သထုံခရိုင်မှာ အခုလအတွင်း စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး သေဆုံး ၂၂ ဦး ဒဏ်ရာရ

သထုံ ၊ မေ ၂၁ မွန်ပြည်နယ် သထုံခရိုင်ထဲကို အခုလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အခုလ မေ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့…

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံး

တနင်္သာရီ၊ မေ ၂၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၈ ရက် မနက် ၁၁ နာရီအချိန်ခန့်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို…

ကျိုက်ထို၊ မုပ္ပလင်နဲ့ သိမ်ဇရပ်မှာ တိုက်ပွဲပြန်ဖြစ်နေ၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတချို့ရှိ

ကျိုက်ထို၊ မေလ ၂၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ မုပ္ပလင်နဲ့သိမ်ဇရပ်မြို့အနီးတွေမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက မေ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့မှာ အင်္ဂဘိုရွာအရှေ့ဘက်က PDF စခန်းတွေဘက်ရှိရာကို အင်အား ၅၀ ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ဟာ PDF ကင်းစခန်းတစ်ခုကိုရောက်ရှိလာတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ “သူတို့က ကျွန်တော်တို့စခန်းဘက်ရောက်လာတော့ အဆုတ်ပြပြီး…

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဆရာဝန် အဖြစ်ကနေ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့တဲ့ အသက် ၆၄ နှစ်အရွယ် သမ္မတလိုင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတအဖြစ် ကျမ်းသစ္စာ ကျန်ဆိုခဲ့တာ ဖြစ်ပါတယ်။…

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀ ရက်နေ့မှာ အတည်ပြုကြေညာပါတယ်။ ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရာဒိုလာဟီယံတို့ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ မေ ၁၉ ရက်နေ့က ပျက်ကျသွားပြီး မီးလောင်ကျွမ်းထားတဲ့ အဲဒီရဟတ်ယာဉ်အပျက်အစီးကို နှင်းမုန်တိုင်း…