မော်လမြိုင်၊ မေ ၁၉

လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းလိုက်ပါတယ်။

လာမယ့် မေ ၂၃ ရက်နေ့မှာ ကျရောက်မယ့် ၃၅ နှစ်ပြည့် ကရင်လူငယ်အစည်းအရုံး KYO နေ့အ တွက် ဂုဏ်ပြုစကားပြောကြားရာမှာ KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုလိုတိုက်တွန်းခဲ့ကြောင်း KYO ရဲ့ လူမှုကွန်ယက်မှာ ထုတ်လွှင့်ဖော်ပြထားပါတယ်။

လူငယ်တွေဟာ တစ်မျိုးသားလုံးကို ဦးဆောင်ရမယ့်သူတွေဖြစ်တဲ့အတွက် တာဝန်တွေကို ဖြည့် ဆည်းနိုင်တဲ့သူတွေဖြစ်ဖို့ရာ ရှိသင့်ရှိထိုက်တဲ့ အတတ်ပညာ၊ ခံယူချက်တွေအတွက် မိမိကိုယ်ကို ကြိုတင်ပြင်ဆင်ထားရမယ်လို့ KNU ဥက္ကဌက လူငယ်တွေနဲ့ လူငယ်အစည်းအရုံးမှာ ဦးဆောင်ပါ ဝင်နေတဲ့သူတွေအပေါ် အားပေးတိုက်တွန်းခဲ့တာပါ။

ဒါ့အပြင် လူငယ်တွေအနေနဲ့ အစည်းအဝေးဆွေးနွေးပွဲတွေမှာ သေချာစွာနားထောင်ပြီး ကိုယ့်ရဲ့အ မြင်တွေကို ဆွေးနွေးဖော်ပြဖို့နဲ့ အမြင်တွေ မှားယွင်းသွားပါက ဘာမှ စိတ်ပျက်စရာမလိုဘဲ ကိုယ်မြင်တွေ့သလို ဖော်ထုတ်ကာ လေ့လာသင်ယူကြပါဖို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက လူငယ်တွေအပေါ် အကြံပြုပြောဆိုထားပါတယ်။

ကရင်လူငယ်အစည်းအရုံး KYO ကို ကရင့်အမျိုးသားရေး ရုန်းကန်လှုပ်ရှားမှုဆောင်ရွက်မှုတွေရဲ့ အ ဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ မိမိတို့ကရင်လူငယ်တွေ အစဉ်တစိုက်ပါဝင်နေစေဖို့ ရည်ရွယ်ချက်နဲ့ KNU ဌာနချုပ် မာနယ်ပလောမှာ ၁၉၈၉ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။

ကရင်လူငယ်အစည်းအရုံးအနေနဲ့ မိမိတို့အမျိုးသားထုတစ်ရပ်လုံး ကျွန်ဘဝဖိနှိပ်မှုအပေါင်းက လွတ်မြောက်တဲ့အထိ တော်လှန်သွားမယ့် မျိုးဆက်သစ်ကရင်လူငယ်တွေကို မွေးထုတ်ပေးရင် ဆက်လက်ရုန်းကန် တိုက်ပွဲဝင်သွားမယ်လို့လည်း KYO က ထုတ်ပြန်အသိပေးပါတယ်။

၃၅ နှစ်ပြည့် ကရင်လူငယ်အစည်းအရုံး KYO နေ့ဟာ လာမယ့် မေလ ၂၃ ရက်နေ့မှာ ကျရောက်မှာဖြစ်ပြီး “ကျွန်စိတ်ဓာတ်ကို တိုက်ဖျက်ကြ၊ ကရင့်မျိုးဆက်သစ်ကို တည်ဆောက်ကြ”ဆောင်ပုဒ်အ တိုင်း ကျရောက်လာမယ့် ၃၅ နှစ်ပြည့် KYO နေ့ကို ကြိုဆိုလိုက်ပါတယ်လို့ KYO က သူ့ရဲ့လူမှုကွန်ယက်ကနေတစ်ဆင့် ထုတ်ပြန်ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KYO

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.