နယူးဒေလီ၊ မေ ၁၁
အကျင့်ပျက်ခြစားမှုနဲ့ တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ နယူးဒေလီ ဝန်ကြီးချုပ် အာဗင် ကာဂျရီဝဲလ်ကို အိန္ဒိယ တရားရုံးချုပ်ကနေ အာမခံနဲ့ လွတ်မြောက်ခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။
သူ့အနေနဲ့ ဇွန် ၁ ရက်နေ့အထိ အာဏာပိုင်တွေဆီမှာ ထပ်ပြီးအဖမ်းခံမယ်ဆိုရင် အာမခံ ခွင့်ပြုပေးလို့ရတယ်လို့ အိန္ဒိယ တရားရုံးချုပ်က ပြောကြား ပါတယ်။
အရင်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အရာရှိဟောင်း ဖြစ်ခဲ့တဲ့ ကာဂျရီဝဲလ်ဟာ ပယ်ဖျက်ထားပြီးဖြစ်တဲ့ အရက်ရောင်းချမှုဆိုင်ရာ မူဝါဒနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
သူကတော့ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို ငြင်းဆိုထားပြီး သူ့ကို ဖမ်းဆီးမှုဟာ တရားမဝင် ဖမ်းဆီးမှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
နယူးဒေလီ အထက်တရားရုံးက အာမခံပေးဖို့ ငြင်းဆိုခဲ့ပြီးနောက် သူက တရားရုံးချုပ်ဆီမှာ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။
တရားရုံးမှာ သူ့ရဲ့ အာမခံ လျှောက်ထားမှုကို ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှု အေဂျင်စီက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။
မစ္စတာ ကာဂျရီဝဲလ်အနေနဲ့ ဇွန်၂ ရက်နေ့မှာ ပြန်အဖမ်းခံရမှာဖြစ်ပြီး ဒီအတောအတွင်း ရာထူးတာဝန် ထမ်းဆောင်ခွင့်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။
သူဟာ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကြေညာပြီး ရက်ပိုင်းအကြာ မတ် ၂၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
သူက ဖမ်းဆီးခံထားရစဉ်အတွင်းမှာလည်း နယူးဒေလီအစိုးရကို ထောင်ထဲကနေ ကိုင်တွယ်နေခဲ့ပြီး သူ့ရဲ့ ရာထူးနေရာကို မစွန့်လွှတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
သူဟာ ဆီးချိုရောဂါ ခံစားနေရတာကြောင့် ဖမ်းဆီးခံရချိန်မှာ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
Ref:BBC