May 8, 2024

အစ္စရေးသို့ ဗုံးတွေပေးပို့မှု အမေရိကန် ရပ်ဆိုင်းပြီ

ဝါရှင်တန်၊ မေ ၈ ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေးက စီစဉ်ထားတဲ့အတိုင်း ကြီးမားတဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ပြုလုပ် လာနိုင်တဲ့အတွက် အမေရိကန်က အစ္စရေးသို့ ဗုံးတင်ပို့မှုကို ရပ်ဆိုင်းခဲ့တယ်လို့ အမေရိကန်အကြီးတန်း အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။ အစ္စရေးသို့ တင်ပို့ဖို့ စီစဉ်ထားတဲ့ ဗုံးတွေမှာ ပေါင် ၁၈၀၀၊ ၂၀၀၀ ဗုံးတွေနဲ့ ပေါင် ၁၇၀၀၊ ၅၀၀ ဗုံးတွေ…

မြန်မာ့အရေး သက်ဆင်ကြားဝင်ဖြေရှင်းမှု နိုင်ငံခြားရေးမူဝါဒနဲ့ မသက်ဆိုင်ဘူးလို့ ထိုင်းအစိုးရပြော

ဘန်ကောက်၊ မေ ၉ မြန်မာနိုင်ငံရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ ဆွေးနွေးမှုဟာ ပုဂ္ဂိုလ်ရေးအဆင့် ဆွေးနွေးမှုဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်မှုမရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်ဆာက မေ ၇ ရက်နေ့မှာ ပြောကြားပါတယ်။ ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပြီး ထိုင်းအစိုးရ ပါဝင်ပတ်သက်မှုမရှိဘူးလို့ မာရစ်က ပြောကြားပြီး သက်ဆင်နဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေကြား တွေ့ဆုံမှုကို အတည်ပြုထားပါတယ်။…

စစ်အာဏာသိမ်း (၁၁၉၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၇၆) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၉ AAPP ရဲ့ မေ ၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၁၉၃) ရက်အတွင်း ပြည်သူ (၄၉၇၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မော်လမြိုင်မြို့မှာ ခိုးဆိုးလုယက်မှု တစ်နေ့တခြားပိုဆိုးလာ

မော်လမြိုင် ၊ မေ ၉ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း ဆိုင်ကယ်၊ အိုးဝေအပါအဝင် တခြားခိုးမှုတွေ နေ့စဉ်မြင့်တက်လာပေမယ့် စစ်ကောင်စီဘက်က ရှာဖွေဖော်ထုတ် ဖမ်းဆီးတာမရှိဘူးလို့ မြို့ခံတွေက ဝေဖန်လိုက်ပါတယ်။ လုံခြုံရေးအထူး တင်းကျပ်ထားတဲ့ မော်လမြိုင်မြို့မှာ အခုနောက်ပိုင်း အုပ်စုဖွဲ့ပြီး နေရောညပါ ခိုးဆိုးလုယက်မှုတွေကို ပေါ်ပေါ်ထင်ထင် ဆက်တိုက်ကျူးလွန်လာတဲ့အတွက် နေ့စဉ်ဆိုင်ကယ်အပြင် ဖုန်းနဲ့တခြားပစ္စည်း ပျောက်ဆုံးမှုတွေလည်း…

လုံခြုံရေးအခြေအနေကြောင့် ဂျိုင်းမြစ်ဒေသခံတွေ နေရပ်မပြန်ရဲသေး

ကျိုက်မရော ၊ မေ ၉ တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မွန်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသက စစ်ရှောင်ပြည်သူတွေဟာ လုံခြုံရေးအခြေအနေကြောင့် လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နဲ့ ၂၅ ရက်နေ့တို့မှာ ဓမ္မသကျေးရွာနဲ့ ကော့ဘိန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဧပြီ ၂၇ ရက်နေ့မှာတော့ နေရပ်စွန့်ခွာ…

မွန်ပြည်နယ်မှာ အပူဒဏ်ကြောင့် လူသုံးဦးသေဆုံး

မော်လမြိုင်၊ မေ ၉ အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန် စံချိန်တင်မြင့်တက်လာမှုနဲ့အတူ မွန်ပြည်နယ်အတွင်းက မြို့နယ်သုံးမြို့နယ်မှာ အပူဒဏ်ကြောင့် လူသုံးဦးသေဆုံးထားတယ်လို့ ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီလနဲ့ အခုမေလအတွင်း အပူဒဏ်ကြောင့် သေဆုံးမှုမှာ မော်လမြိုင်မြို့က သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၊ သထုံမြို့က အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး၊ ရေးမြို့နယ်က အသက် ၃၀ အရွယ်…

ဘုတ်ပြင်းမှာ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ဖွဲ့စည်းပုံပျက်ပြီး တပ်ပြန်ဆုတ်

ဘုတ်ပြင်း၊ မေ ၉ တနင်္သာရီတိုင်း ဘုတ်ပြင်းနဲ့ တနင်္သာရီမြို့နယ်အစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ၁၀၂၀ ပွိုင့်စခန်းကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ဖွဲ့စည်းပုံပျက်ပြီး တပ်ပြန်ဆုတ်သွားတယ်လို့ BLACK COBRA COLUMN ပူးပေါင်းစစ်ကြောင်းထံမှ သိရပါတယ်။ တပ်အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ၁၀၂၀ ပွိုင့်စခန်းကုန်းကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကစပြီး…

တနင်္သာရီက ပဲဒက်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

သရက်ချောင်း၊ မေ ၈ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မေ ၈ ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေထံက သိရပါတယ်။ တပ်အင်အား ၄၀ ဝန်းကျင် အခြေချတပ်စွဲထားတဲ့ ပဲဒက်တပ်စခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မေ…

ကျွန်းစုမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ကျွန်းစု၊ မေ ၈ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု သဘောင်းတောင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မေ ၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ပျူစောထီခေါင်းဆောင်လည်းဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေအိမ်မှာ သွားရောက်ဖမ်းဆီးစဉ် ပြန် လည်ခုခံတဲ့အတွက်…