April 2024

ထားဝယ်အခြေစိုက် မောထာခြေကုပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ထားဝယ်၊ ဧပြီ ၂၅ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောထာကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ မောထာ ရှေ့တန်းခြေကုပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ တပ်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်နေတဲ့ မောထာရှေ့တန်းခြေကုပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၄ ရက်နေ့…

ရွှေပေါက္ကံမြို့သစ်ရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ

မြောက်ဥက္ကလာ၊ဧပြီ ၂၅ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရဲစခန်းကို အားပြင်းတဲ့မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါ တယ်။ ကင်းလှည့်ဖို့ထွက်လာတဲ့ စစ်ကောင်စီ လက်ပါးစေရဲတွေကို ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့တယ်လို့…

ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံလိုက်ရတယ်လို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရပြီး ကျဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Truth Media ၊ ဟန်ငြိမ်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်တပ်လော်ဘီအကောင့်တွေနဲ့ စစ်တပ်ပုံသုံးထားတဲ့…

ယူကရိန်းကို ပေါင်သန်း ၅၀၀ ထပ်မံကူညီမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် အသိပေး

ဝါဆော၊ ဧပြီ ၂၄ ဗြိတိန်ဝန်ကြီးချုပ် ဆွန်နက်က ယူကရိန်းကို နောက်ထပ် ရန်ပုံငွေ စတာလင်ပေါင်သန်း ၅၀၀ ထပ်မံကူညီပေးသွားမှာဖြစ်ပြီး ဗြိတိန်ရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ဗြိတိန်အနေနဲ့ ယူကရိန်းအစိုးအရအတွက် စစ်ရေးအကူအညီတွေ ထပ်မံပေးသွားမှာဖြစ်တယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်၊နေတိုးအဖွဲ့ အကြီးအကဲ စတိုလ်တန်ဘာ့ဂ်တို့နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ပြောခဲ့တာပါ။ ဆွန်နက်က ကာကွယ်ရေးအသုံးစရိတ်ကို တဖြည်းဖြည်းတိုးမြှင့်ပြီး ၂၀၃၀…

မြန်မာဒုက္ခသည်တွေအတွက် အစီအစဉ်ရေးဆွဲပြီးပြီလို့ ထိုင်အစိုးရ ပြော

ဘန်ကောက်၊ဧပြီ ၂၅ ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေကို တာဝန်ယူထားတဲ့ ထိုင်းအစိုးရကော်မတီက ဧပြီ ၂၃ ရက်နေ့က ပထမဆုံးပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ အလုံးစုံအခြေအနေကို လေ့လာသုံးသပ် ပြီး ဒုက္ခသည်အရေး ကိုင်တွယ်ဖြေရှင်းရေးနဲ့ လုံခြုံရေးအရ တုံ့ပြန်မှုတွေအတွက် အစီအစဉ်တစ် ရပ်ကို မိတ်ဆက်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ထိုင်းဒုတိယဝန်ကြီးချုပ် ပမ်ပရီ ဥက္ကဋ္ဌ အဖြစ်ဦးဆောင်နေတဲ့ ကော်မတီဟာ မဲဆောက်ကို…

စစ်အာဏာသိမ်း (၁၁၇၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၂၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၅ AAPP ရဲ့ ဧပြီ ၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၇၉) ရက်အတွင်း ပြည်သူ (၄၉၂၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၆၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၀၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ နိုင်ငံရေး၊စစ်ရေး ပူးပေါင်းဖို့ သဘောတူ

မော်လမြိုင် ၊ ဧပြီ ၂၅ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နိုင်ငံရေး၊ စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ဧပြီ ၂၃ ရက်နေ့မှာ နှစ်ဘက်အဖွဲ့ကနေ ပူးတွဲကြေညာပါတယ်။ အဲဒီ နှစ်ဖွဲ့ဟာ ဧပြီ ၂၂ ရက်နေ့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး…

အောင်ဇေယျစစ်ကြောင်းကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းမယ်လို့ KNU ပြော

မြဝတီ၊ ဧပြီ ၂၅ အောင်ဇေယျအမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ စစ်ကောင်စီ စစ်ကူတပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ပြတ်ပြတ်သားသား ရိုက်ချိုးဖြတ်တောက်ပြီး တိုက် ခိုက်ချေမှုန်းသွားမယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့က ခလရ ၂၇၅ တပ်ရင်းစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေ…

လောင်းလုံးမြို့မရဲစခန်းရှေ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF ဝင်တိုက်

လောင်းလုံး၊ ဧပြီ ၂၅ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရှိ မြို့မရဲစခန်းရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဧပြီ ၂၄ ရက် မနက် ၇ နာရီအချိန်ခန့်မှာ အင်အား ၇ ဦးဝန်းကျင်နဲ့ မြို့မရဲစခန်းရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နွေဦးပြောက်ကျားတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။…

ကျိုက်ထိုမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံပစ်သတ်ခံရ

ကျိုက်ထို၊ ဧပြီ ၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အသက် ၆၂ နှစ်အရွယ် ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ ကျိုက်ထိုမြို့ပေါ်ကနေ ကော့ထင်ကျေးရွာသို့ ပြန်လာစဉ် ရွာအဝင်ထိပ်မှာ…