မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မွန်ပြည်နယ်၊မုဒုံမြို့နယ် နိုင်လုံကျေးရွာမှာ ဧပြီလ ၁၈ ရက်နေ့ညပိုင်းက အသက် ၁၂ နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံးသွားတာတာ တော်လှန်ရေးတပ်တွေကြောင့် ဆိုပြီး စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို Myanmar Hard Talk၊ ဟန်ငြိမ်းဦးနဲ့ မှိုင်ဝေစတဲ့ စစ်တပ်လော်ဘီအကောင့်တု တွေနဲ့ စစ်အုပ်စု ပရိုဖိုင်အသုံးပြုထားတဲ့ အကောင့်တုတွေက ဧပြီလ ၁၉ ရက်နေ့မှာ ဓာတ်ပုံ တွေနဲ့ တကွဖြန့်ဝေလာတာပါ။

ဖြစ်စဉ်မှာ ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက မုဒုံမြို့နယ် နိုင်လုံကျေးရွာက အသက် ၁၂ နှစ် အရွယ် မင်းသက်နွန်ခေါ် မာသွက်နန်ဟာ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ တာဖြစ်တယ်လို့ သေဆုံးသူရဲ့ ဖခင်အပါအဝင် မွန်ပြည်နယ်အတွင်းက ပြည်သူတွေနဲ့ မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။

ကွယ်လွန်သွားတဲ့ ကလေးရဲ့ ဖခင်က မင်းသွက်နွန် အသက် ၁၂ နှစ် ဆိုင်ကယ်မှောက်လို့ ရန်ကုန် ဆေးရုံကြီးမှာ သွားရောက်ပို့ဆောင်ပေမယ့် ကွယ်လွန်သွားခဲ့ရတယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

DVB သတင်းဌာနမှာတော့ မွန်ပြည်နယ်၊နိုင်လုံကျေးရွာမှာ ဆိုင်ကယ်မှောက်ပြီး ကလေးငယ် တစ်ဦး သေဆုံးခဲ့တာကို မွန် PDF တွေက ပစ်သတ်ခဲ့တာကြောင့်ကို စစ်ကောင်စီဝါဒဖြန့် ချန်နယ် တွေကနေ သတင်းမှားဖြန့်နေတယ်လို့ တော်လှန်ရေးတပ်တွေ၊ဒေသခံတွေကို မေးမြန်းပြီး ဖော်ပြ ထားပါတယ်။

Mon Unity Foundation အဖွဲ့မှာတော့ မွန်တော်လှန်ရေးတပ်တွေကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်နေ တဲ့ အကြောင်းကိုရေးသားထားပါတယ်။ 

ကွယ်လွန်သွားတဲ့ ကလေးရဲ့ ဖခင် Mon Saw Noalလူမှုကွန်ရက် အကောင့်

https://www.facebook.com/share/p/hqQPRp1AuUMz8rDb/?mibextid=oFDknk

DVB သတင်းဌာနမှာ ဖော်ပြထားတဲ့သတင်း

https://burmese.dvb.no/post/649093

Mon Unity Foundation အဖွဲ့

https://www.facebook.com/share/p/RsTCVq1qXwnm21LN/?mibextid=oFDknk

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား 

ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.