March 2024

မွန်ပြည်သစ် AD နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဖို့ တရားဝင် ညှိနှိုင်းတာမရှိသေးဘူးလို့ MSFC ပြော

မော်လမြိုင် ၊ မတ် ၂ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး AD နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဖို့ တရားဝင်ချဉ်း ကပ်ဖို့ အစီအစဉ်ရှိပေမယ့် လောလောဆယ်အထိ တရားဝင်ညှိနှိုင်းဆောင်ရွက်တာမရှိသေးဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ပြောပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဒုတိယကြိမ် ညီလာခံအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သံလွင်တိုင်းမ်ရဲ့ မေးမြန်းမှုကို MFSC…

သထုံ ဒူးရင်းဆိပ်တံတားဂိတ်နဲ့ခလရ (၂၄)တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

သထုံ၊ မတ် ၂ မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီရဲ့ ဒူးရင်းဆိပ်တံတား စစ်ဆေးရေးဂိတ်နဲ့ အမှတ်(၂၄) ခြေလျင်တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ဂိတ်စခန်းတို့ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းနဲ့…

ရေဖြူမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၆ ရွာထက်မနည်း တိမ်းရှောင်နေရ

ရေဖြူ၊ မတ် ၂ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၆ ရွာထက်မနည်း ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ ဒေ သခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါမောက္ခချုပ်အပါအဝင် ၃ ဦးကို ဗထူးတပ်မတော်ကနေ ဝင်ရောက်ဖမ်းဆီးသွားတဲ့အတွက် စစ်ကောင်စီက ပြန်လည်ကယ်ထုတ်ဖို့…

ဂါဇာမှာ စားနပ်ရိက္ခာရဖို့ ကြိုးပမ်းရာကနေလူ ၁၀၀ ကျော်သေဆုံး

ဂါဇာ ၊ မတ် ၂ ဂါဇာမှာ အကူအညီပေးတဲ့ စားနပ်ရိက္ခာပစ္စည်းတွေ ရရှိဖို့ ကြိုးပမ်းရာကနေ ပါလက်စတိုင်းသား ၁၀၀ ကျော် သေဆုံးပြီး ၇၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးသံချပ်ကာကားတွေရှိနေချိန် ဂါဇာမြို့အနောက်တောင်ဘက် ကမ်းရိုးတန်းလမ်းမှာ ကုန်တင်ကားတန်းကြီး မောင်းလာချိန် လူအုပ်ကြီးရောက်ရှိလာပြီးနောက်ဖြစ်ပွားခဲ့တာပါ။ သံချပ်ကာကားတွေက သတိပေးပစ်ခတ်တာတွေရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပြီး အကူအညီပေးရေး ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာမဟုတ်ဘူးလို့…

နျူကလီးယားစစ်ပွဲဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ပူတင် သတိပေး

မော်စကို ၊ မတ် ၂ အနောက်အုပ်စုအနေနဲ့ ယူကရိန်းစစ်ပွဲကို စစ်အရှိန်မြင့်လာအောင်လုပ်ဆောင်နေပါက နျူစစ်ပွဲဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိလာမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးလိုက်ပါတယ်။ မော်စကိုမြို့မှာပြောခဲ့တဲ့ နှစ်စဉ်မိန့်ခွန်းမှာ ပူတင်က အနောက်တိုင်းအနေနဲ့ ဘယ်နိုင်ငံကမဆို ယူကရိန်းကို စစ်သားတွေ စေလွှတ်ခဲ့မယ်ဆိုပါက ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ အနောက်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ မိမိတို့ဆီမှာ…

လေယာဉ်ဆီတင်သင်္ဘော ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ NUG ထုတ်ပြန်

ရန်ကုန်၊ မတ် ၁ စစ်ကောင်စီရဲ့ စစ်လေယာဉ်၊စစ်ရဟတ်တွေမှာ အသုံးပြုမယ့် လေယာဉ်ဆီ သယ်ဆောင်လာတဲ့ လေယာဉ်ဆီတင် သင်္ဘောကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွှတ်အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။ ရန်ကုန် MEC ထီးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အဲဒီလေယာဉ်ဆီတင်သင်္ဘောကို မနေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ ညနက်ပိုင်းမှာ ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့တာ…

စစ်အာဏာသိမ်း (၁၁၂၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၁၁) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၁ AAPP ရဲ့ ဖေဖော်ဝါရီ ၂၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၂၄) ရက်အတွင်း ပြည်သူ (၄၆၁၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၀၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

သုံးနှစ်အတွင်း စစ်ကောင်စီထိပ်ပိုင်းအကြီးအကဲ ၁၅၀ ကျော် အပြောင်းအလဲလုပ်ခဲ့ရ

နေပြည်တော် ၊ မတ် ၁ စစ်ခေါင်းဆောင် ဖွဲ့စည်းခဲ့တဲ့ ကောင်စီဝင်တွေနဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်တဲ့ ထိပ်ပိုင်းလူပုဂ္ဂိုလ် ၁၅၂ ဦး ကို အာဏာသိမ်းသုံးနှစ်အတွင်း အပြောင်းအလဲလုပ်ခဲ့တာဟာ နေရာချထားမှုနဲ့ တာဝန်ခွဲဝေမှုမှာ ဂနာငြိမ်ပုံမရဘူးလို့ ISP-Myanmar ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ အစီရင်ခံစာအရ အာဏာသိမ်းသုံးနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်တပ်ထားတဲ့ စစ်အုပ်စုရဲ့ ကောင်စီဝင်တွေ၊ အုပ်ချုပ်ရေးယန္တရားထဲက ဝန်ကြီး၊…

မွန်ပြည်နယ်မှာ လာမယ့်ဧပြီလအတွင်း “အ”သုံးလုံး မဖြစ်မနေသင်ကြားဖို့ စစ်ကောင် စီ ဖိအားပေး

မော်လမြိုင် ၊ မတ် ၁ မွန်ပြည်နယ်အတွင်းရှိ ကျေးလက်နေပြည်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေ လူနေမှုအဆင့်အ တန်း မြင့်မားစေဖို့ဆိုပြီး လာမယ့်ဧပြီလအတွင်း “အ”သုံးလုံး မဖြစ်မနေ သင်ကြားဖို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်က ဖိအားပေးလာပါတယ်။ “အ”သုံးလုံး သင်ကြားဖို့ စီမံချက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီခန့် မွန်ပြည်…

ကံပေါက်မှာ CDM ဆရာမတစ်ဦးအပါအဝင် ၃ ဦး ထပ်မံဖမ်းဆီးခံရ

ရေဖြူ၊ မတ် ၁ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသက CDM ဆရာမတစ်ဦးအပါအဝင် ဒေသခံ ၃ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခိုင်သဇင်ရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် CDM ဆရာမ ဒေါ်မီးမီးဇော်၊ မဂ္ဂင်ရပ်ကွက်နေ PTT…