March 28, 2024

ဆိုးလ်မြို့မှာ ဘတ်စ်ကားမောင်သူတွေ သပိတ်မှောက်မှုကြောင့် သွားရေးလာရေးအခက်ကြုံနေရ

ဆိုးလ်၊ မတ် ၂၉ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ လုပ်ခလစာတိုးပေးရေး နောက်ဆုံးညှိနှိုင်းမှုတွေ ပျက်ပြယ် သွားပြီးနောက် ဘတ်စ်ကားယာဉ်မောင်းတွေဟာ မတ် ၂၈ ရက်နေ့က သပိတ်မှောက်ခဲ့တဲ့အတွက် လူ ၁၀ သန်းနီးပါး သွားလာရေး အခက်ကြုံတွေ့ခဲ့ရပါတယ်။ လူအသွားအလာများတဲ့ အချိန်တွေမှာ အနှောင့်အယှက်ဖြစ်လာနိုင်တဲ့အတွက် ဆိုးလ်မြို့တော် အစိုးရက မြေအောက်ရထားတွေကို အစီးရေနဲ့ အချိန်ပိုပြီး ပြေးဆွဲပေးသွားမယ်လို့ ဆိုထားပါတယ်။ မြို့တော်ရဲ့…

မြန်မာနယ်စပ်မှာ ခြံစည်းရိုးကာဖို့ အိန္ဒိယအစိုးရ ဒေါ်လာ ၃ ဘီလျံကျော် သုံးစွဲမယ်

နယူးဒေလီ၊ မတ် ၂၉ မှောင်ခိုကူးမှုအပါအဝင် တခြားတရားမဝင်လုပ်ရပ်တွေကို ကာကွယ်ဖို့ မိုင် ၁၀၀၀ ရှိတဲ့မြန်မာ နယ်စပ်မှာ အိန္ဒိယက ခြံစည်းရိုးကာဖို့ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံသုံးစွဲပြီး ဆယ်နှစ်အတွင်း အပြီးသတ်ကာရန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသရဲ့ ဒေသဆိုင်ရာ ဖွဲ့စည်းပုံကို ထိန်းသိမ်းရေး၊အမျိုးသားလုံခြုံရေး အကြောင်းရင်းတွေအတွက် မြန်မာနိုင်ငံနဲ့ ဆယ်စုနှစ်များစွာကျင့်သုံးခဲ့တဲ့ ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်မူဝါဒကို…

စစ်အာဏာသိမ်း (၁၁၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၇၉၇) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၂၉ AAPP ရဲ့ မတ် ၂၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၅၂) ရက်အတွင်း ပြည်သူ (၄၇၉၇ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၅၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

တပ်အင်အားပြုန်းတီးမှု သိသာစေခဲ့တဲ့ တပ်မတော်နေ့အခမ်းအနား

နေပြည်တော် ၊ မတ် ၂၉ မတ် ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားဟာ အာဏာသိမ်းစစ်တပ်အတွင်း တပ်အင်အားပြုန်းတီးမှုကို အထင်အရှားပြသနေခဲ့တာဖြစ်ပြီး ယန္တ ရားစစ်ကြောင်းတွေ မထွက်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိခဲ့တာပါ။ နှစ်စဉ်ကျင်းပခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အင် အားပြသနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တပ်အင်အားပြုန်းတီးမှုကြောင့် အမျိုးသမီးစစ်သည်တွေကိုသာ…

စစ်ဘေးသင့်ပြည်သူတွေကို ကူညီကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

ကျိုက်မရော ၊ မတ် ၂၉ ကော့ဘိန်းရဲစခန်း လက်လွှတ်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် ဂျိုင်းမြစ်ဒေသတွင်းက စစ်ဘေးသင့်ပြည်သူတွေကို အချင်းချင်းရိုင်းပင်းကူညီကြဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေ တိုက်တွန်းလိုက်ပါတယ်။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဒေသတွင်းရှိ ဓမ္မသကျေးရွာကို စစ်ကောင်စီက မတ် ၂၇ ရက်နေ့မှာ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတို့ကနေ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်…

သံဖြူဇရပ်ဒေသခံ ၆ ဦး ထပ်မံဖမ်းဆီးခံရ

သံဖြူဇရပ်၊ မတ် ၂၉ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တွေထံ ငွေကြေးထောက်ပံ့မှု စွပ်စွဲချက်နဲ့ ဒေသခံလူငယ် ၆ ဦး ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က သံဖြူဇရပ်မြို့နယ် ဝါခရုကျေးရွာနေ အသက် ၂၀ အရွယ် မောင်ခန့်မင်းသူဟာ ရောင်နီဦးအကောင့်နဲ့ PDF တွေအတွက် အလှူခံပေးပြီး…

ဖာပွန်မြို့ကို KNU ထိန်းချုပ်

ဖာပွန်၊ မတ် ၂၉ ကရင်ပြည်နယ် ဖာပွန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်တပ်စခန်းအားလုံး ဆုတ်ခွာသွားတဲ့အတွက် မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဖာပွန်မြို့ပေါ်က စစ်ကောင်တပ်စခန်းတွေဟာ မြို့ တောင်ဘက်ခြမ်းရှိမှာတဲ့ စစ်ကောင်စီတပ် ဗျူ ဟာကုန်းနဲ့ တပ်ရင်းဌာနချုပ်ထံ ပြန်လည်ဆုတ်ခွာပေါင်းစည်းသွားတဲ့အတွက် မြို့ပေါ်မှာ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူးလို့ သိရပါတယ်။…

မကွေးမှာ စစ်မှုထမ်းမဲပေါက်သူတွေက စစ်ပြေးတွေကို ငွေပေးငှားရမ်းနေ

မကွေး – မတ် ၂၈ မကွေးတိုင်းအတွင်းက စစ်မှုထမ်းဥပဒေအတွက် မဲပေါက်ခဲ့တဲ့သူတွေဟာ စစ်ပြေးကို ငွေပေးပြီး ငှားရမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ စစ်ပြေးတွေကို ငွေပေးပြီး အစားထိုးစစ်မှုထမ်းဖို့ လုပ်ဆောင်နေကြတာပါ။ သူတို့တွေကို အခကြေးငွေပေးကာ ငှားရမ်းပြီး လစဉ်ထောက်ပံ့ပေးရမှာဖြစ်ပြီး သူတို့တွေက မဲပေါက်တဲ့သူတွေနေရာမှာ အစားထိုးပြီး စစ်မှုထမ်းပေးဖို့…

မွန်လူမျိုးတွေ ဝမ်းနည်းနာကျည်းမှုနဲ့ စစ်ကောင်စီကို ချေမှုန်းနိုင်မယ်လို့  အပြည့်အဝယုံကြည် ကြောင်း မွန်ပြည်သစ် AD ထုတ်ပြန်

ကျိုက်မရော ၊ မတ် ၂၈ မွန်လူမျိုး‌တွေအနေနဲ့ ဝမ်းနည်းပူဆွေးနာကျည်းမှုကို ခွန်အားအဖြစ်ပြောင်းလဲပြီး စုပေါင်းအင်အားနဲ့ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနိုင်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD က ကြေညာချက်ထုတ်ပြီး အသိပေးလာပါတယ်။ မတ် ၂၇ ရက်နေ့ ညနေ ၃ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျိုင်းမြစ်ရှိ စစ်ကောင်စီစစ်သၚ်္ဘောကနေ လက်နက်ကြီး ပစ်ခတ်မှုကြောၚ့် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာရှိ နေအိမ်အလုံး…

ဓမ္မသရွာကို တော်လှန်ရေးတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာလို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရွာတဝက်နီးပါးမီးလောင်ခဲ့တာဟာ တော်လှန်ရေးတပ်တွေ လက်ချက် ကြောင့်ဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွား မှာဖြစ်ပါတယ်။ ဒီအကြောင်းကို…