တပ်အင်အားပြုန်းတီးမှု သိသာစေခဲ့တဲ့ တပ်မတော်နေ့အခမ်းအနား

0
42

နေပြည်တော် ၊ မတ် ၂၉

မတ် ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားဟာ အာဏာသိမ်းစစ်တပ်အတွင်း တပ်အင်အားပြုန်းတီးမှုကို အထင်အရှားပြသနေခဲ့တာဖြစ်ပြီး ယန္တ ရားစစ်ကြောင်းတွေ မထွက်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိခဲ့တာပါ။

နှစ်စဉ်ကျင်းပခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အင် အားပြသနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တပ်အင်အားပြုန်းတီးမှုကြောင့် အမျိုးသမီးစစ်သည်တွေကိုသာ အများဆုံးအသုံးပြုခဲ့တာ တွေ့ရပါတယ်။

ဒီနှစ်ရဲ့ စစ်ရေးပြအခမ်းအနားမှာ တပ်ဖွဲ့ဝင် ၇၀၀၀ ကျော် ပါဝင်အင်အားပြသခဲ့တယ်လို့ စစ်တပ်ဘက်က ပြောဆိုထားပေမယ့် တချို့စစ်ကြောင်းတွေ မထွက်နိုင်တော့ဘဲ အကျဉ်းရုံးနဲ့သာ ကျင်းပနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် စစ်ရေးပြအခမ်းအနားတွေမှာ စစ်ကောင်စီဟာ တခြားနိုင်ငံတွေက ဝယ်ယူထားတဲ့ လက်နက်အသစ်အဆန်းတွေနဲ့ ယန္တယားစစ်ကြောင်းဆိုပြီး ထွက်ရှိခဲ့ရာမှ ဒီနှစ်မှာတော့ ယန္တယားစစ်ကြောင်း မထွက်နိုင်တဲ့အထိ လက်နက်ရော အင်အားပါ ပြုန်းတီးလာပါတယ်။

စစ်မှုထမ်းဟောင်း တစ်ဦးကတော့ စစ်ရေးပြအခမ်းအနားမှာ ယန္တယား စစ်ကြောင်း မပါဝင်တော့တာဟာ စစ်ဆင်ရေးတွေမှာ အသုံးချနေရတာကြောင့်ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အခြေအနေဟာ နေဝင်ချိန်ရောက်နေပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ယန္တယားတွေ အကုန်လုံးက ပွင့်ပွင့်လင်းလင်းပြောရင် နေပြည်တော်ကို ပတ်ပြီးကာထားရတာ။ အခုဆိုရင် ထုတ်နုတ်ပြီးတော့လေ။ တိုင်းဌာနချုပ်တွေမှာ အဲဒီလိုပို့ပြီးကာထားတဲ့အတွက်ကြောင့်မို့လို့ အဆင်မပြေတော့ တာပေါ့ကွာ။ ဒါမို့သူတို့ မထုတ်နိုင်တော့တာပေါ့။ အကုန်လုံးကကွာ စစ်ရေးအသုံးချနေရတဲ့အတွက်ကြောင့်မို့လို စစ်ရေး မပြနိုင်တော့တာ။ စစ်ဆင်ရေးတွေမှာလိုက်ပြီး အသုံး ချနေရတာ။ အဆင်သင့်ထားနေရတဲ့အတွက်ကြောင့်မို့လို့ အရင်လိုမဟုတ်တော့ဘူး။ ပြီးရင် အမျိုးသ မီးတွေအသုံးများတာ စစ်အင်အားနည်းပါးတဲ့သဘော။ နေဝင်ချိန် ရောက်လာတဲ့သဘောပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကြည်း၊ရေ၊လေမှ အရာရှိ၊ စစ်သည်တွေ၊ ကြည်းတပ်မှ အမျိုးသမီးတွေ၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်နဲ့ အမျိုးသ မီး ရဲမေတွေ စစ်ကြောင်းအလိုက် စစ်ရေးပြခဲ့ကြတယ်လို့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။

စစ်ရေး၊နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားဟာ စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ အခြေအနေကို ပြသနေတာဖြစ်ပြီး မဖြစ်မနေမို့ အကျဉ်းချုပ်လုပ်လိုက်တာလို့ ဝေဖန်လိုက်ပါတယ်။

“ဒီတစ်ခေါက် (၇၉)ကြိမ်မြောက် သူတို့ရဲ့ တပ်မတော်နေ့ဆိုတာ တပ်မတော်ရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီစွာ ကျင်းပလိုက်ရတာဖြစ်တယ်။ စစ်သည်တွေနဲ့ မလုံလောက်လို့ အခုကအမျိုးသမီးကို စစ်ရေးပြထဲမှာ ထည့်သွင်းပြီးတော့ လှုပ်ရှားနေရတယ်လို့ ကျွန်တော်ယူဆပါတယ်။ နောက်တစ်ခုကတော့ ဒီအခါတိုင်းပြနေတဲ့ ဒုံးကျည်တွေ၊ အတွဲလိုက်ဒုံးယာဉ်တွေ၊ နောက်တစ်ခုက တင့်ကားတပ်ခွဲတွေ မပါတော့ဘူး။ ဘာလို့ဆိုတော့ အဲဒါတွေကလည်း သူ့ရဲ့ကျရှုံးမှုကို မကာကွယ်နိုင်ဘူးဆိုတာ ပြီးခဲ့တဲ့တိုက်ပွဲတွေကလည်း ဖော်ပြနေတယ်။ အဲဒါတွေထုတ်မပြတော့ဘဲနဲ့ စစ်တပ်ရှိနေတဲ့အနေအထားအတိုင်း တော်လှန်ရေးအခမ်းအနားကိုလည်း အကျဉ်းချုပ်လိုက်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်”လို့ ဆိုပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အစီရင်ခံစာအအရ စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာ ဏာမသိမ်းမီကာလတွေမှာ အင်အား ၁၆၀,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ် တပ်မှာ တိုက်ခိုက်ရေးအင်အား တစ်သိန်းပြည့်ဖွယ် မရှိတော့ဘူးလို့ ခန်းမှန်းသုံးသပ်ထားပါတယ်။

တပ်ပြေးတွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ စစ်တပ်ဟာ နိုင်ငံ့အာဏာကိုသိမ်းယူချိန်ကစပြီး ခုခံတော်လှန်စစ်ကြောင့် အင်အားပြုန်းတီးမှုကို ဖြည့်တင်းနိုင်ဖို့ စစ်ပြေးတွေ စစ်မှုထမ်းဟောင်းတွေနဲ့ ဆေးခွင့်ကျထားသူတွေကိုပါ ပြန်လည်လက်ခံနေရတာပါ။

လက်ရှိမှာလည်း တပ်အင်အားပြုန်းတီးမှုကို ပြန်လည်ဖြည့်ဆည်းဖို့ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းဟောင်းတွေကို တပ်ထဲပြန်ခေါ်နိုင်တဲ့ အရန်တပ်ဖွဲ့ ဥပဒေကို အသက်သွင်းထားတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ်တွေ စုဆောင်းပြီး ဆုံးရှုံးထားတဲ့ ဒေသတွေကို ပြန်လည်သိမ်းယူမယ်လို့ ၇၉ နှစ် မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ကြွေးကြော်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.