မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းမှာ PDF တပ်တွေ ဆက်ကြေးကောက်နေတယ်လို့ စစ်တပ် ဝါဒဖြန့်မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ 

ဒီအကြောင်းကို Snow Queen၊ကျော်စွာ၊ဟန်ငြိမ်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေ နဲ့ စစ်တပ်ပရိုဖိုင်နဲ့ အကောင့်တုတွေက မတ်လ ၁၉ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေ နေတာပါ။

ဖြစ်စဉ်မှာ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်က ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နဲ့ ကလိန် အောင်ကြားမှာ ဒေါနစစ်ကြောင်းနဲ့ ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုက မတ်လ ၁၉ ရက်နေ့က နယ်မြေစိုးမိုးမှု လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ဒေါနစစ်ကြောင်းနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ စစ်ကောင်စီ ဘက်က ခရီးသွားပြည်သူတွေရဲ့ သွားလာမှုတွေကို ပိတ်ဆို့ဖြတ်တောက်တာတွေ ပြုလုပ်ခဲ့ပြီး သတင်းဓာတ်ပုံတွေကိုတော့ ဆက်ကြေးကောက်နေသယောင် သတင်းမှားဖြန့်နေတာဖြစ်ပါ တယ်။

ဒေါနစစ်ကြောင်းကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်ချက်

https://web.facebook.com/profile.php?id=61554523087102&mibextid=ZbWKwL&_rdc=1&_rdr

 BNIသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02Nx4TiBDXdLPGzLLN5oPxHhoSPAbv3T3UKrqd4DKSNnMP11mYf9eVq8v7n7o8dD1Ml&id=100064206240093&mibextid=Nif5oz&_rdc=1&_rdr

မဇ္ဈိမသတင်းဌာန ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/watch/?extid=CL-UNK-UNK-UNK-AN_GK0T-GK1C&mibextid=Nif5oz&v=1136380630704399

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.