March 23, 2024

မော်စကိုမြို့ ဖျော်ဖြေရေးခန်းမ တိုက်ခိုက်ခံရလို့ လူပေါင်း ၆၀ ထက်မနည်းသေဆုံး

မော်စကို၊ မတ် ၂၄ ရုရှားနိုင်ငံ မော်စကိုမြို့ဆင်ခြေဖုံးအရပ်မှာရှိတဲ့ ဖျော်ဖြေရေးခန်းမကို သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ ထက်မနည်း သေဆုံးပြီး ၁၄၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ခရိုးကပ်စ်မြို့တော်ခန်းမဟာ ၂၀၁၃ ခုနှစ်က အမေရိကန်အလှမယ် ပြိုင်ပွဲအပါအဝင် နာမည်ကျော် အခမ်းအနားတွေကို ကျင်းပရာ ဖျော်ဖြေရေးခန်းမ…

အမေရိကန်ရဲ့ ဂါဇာ အပစ်ရပ်ကြိုးပမ်းမှု ရုရှားနဲ့ တရုတ်တို့ ဗီတိုအာဏာနဲ့ပယ်ချ

နယူးယောက်၊ မတ် ၂၄ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်ရဲ့ ဂါဇာအပစ်ခတ်ရပ်စဲရေး အဆိုပြုချက် မူကြမ်းကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ အစ္စရေးကို ဖိအားမပေးဘဲ အပစ်ရပ်ဖို့ တိုက်တွန်းတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ သူတော်ကောင်း ယောင်ဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရုရှားက ဆိုခဲ့တာပါ။ အရင်က အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုတွေကို အကြိမ်ကြိမ်ပယ်ချခဲ့တဲ့ အစ္စရေးရဲ့ အဓိက မဟာမိတ်…

KNU တပ်မဟာ ၇ နယ်မြေမှာ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်၊ မတ် ၂၄ KNU တပ်မဟာ ၇ နယ်မြေ ကော့ကရိတ်မြောက်ပိုင်း ရင်ကွဲတောင်အနီးဝန်းကျင်မှာ မတ် ၂၃ ရက် မနက်ပိုင်းကစပြီး KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ KNU တပ်မဟာ ၇ ဖားအံခရိုင် နဘူးမြို့နယ်ဖြစ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြပတိုင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရင်ကွဲတောင်စခန်းကို…

ထိုင်းမြန်မာနယ်စပ်တွေမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ခပ်စိပ်စိပ်ဖမ်းဆီးခံနေရ

စံခလပူရီ ၊ မတ် ၂၄ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းမြန်မာနယ်စပ်တွေမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားရာနဲ့ချီ ခပ်စိပ်စိပ်ဖမ်းဆီးခံနေရတယ်လို့ ရွေ့ပြောင်းလုပ်သားအရေး အကူအညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ သိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ရုတ်ချည်း အသက်သွင်းလိုက်တဲ့အတွက် လူငယ်လူရွယ်တွေဟာ နည်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။…

တနင်္သာရီ ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီစခန်းတစ်ခု သိမ်းပိုက်ခံရ

ဘုတ်ပြင်း၊ မတ် ၂၄ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ မိုင်ကလိုဝေ့ တာဝါတိုင် တောင်ကုန်းစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံကနေ သိရပါတယ်။ တပ်အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ ပြည်ကြီးမဏ္ဍိုင်နဲ့ ဘန်ဂလောကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီရဲ့ မိုင်ကလိုဝေ့ တာဝါတိုင် တောင်ကုန်းစခန်းကို ကော်သူးလေတပ်မတော် KTLA နဲ့ ဘုတ်ပြင်းမြို့နယ်…

ဘီးလင်းတိုက်ပွဲအတွင်း အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ဘီးလင်း၊ မတ် ၂၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ် သား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မတ် ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရွှေေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့…

ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီပူးပေါင်းတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

ရေဖြူ၊ မတ် ၂၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားကျေးရွာရှိ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မတ် ၂၃ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တပ်အင်အား ၇၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဒီနေ့ မနက် ၅ နာရီခွဲအချိန်ခန့်က စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၇ နာရီခွဲအချိန်ခန့်မှာ စ…

စေတုတ္တရာမှာ စစ်ကောင်စီတပ်သားတွေ ဆက်ကြေးကောက်နေ

စေတုတ္တရာ – မတ် ၂၃ မကွေးတိုင်း၊စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ဂိတ်ဖွင့်ပြီး ပြည်သူတွေဆီက ဆက်ကြေးကောက်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စေတုတ္တရာမြို့နယ်က ဗူးရွာနဲ့ တပွင့်ကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချပြီး ပြည်သူတွေအပေါ် ဖိနှိပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ “ကင်းစခန်းတွေမှာဆိုရင် နေ့စဉ်ရွာသားနှစ်ဦးက လာထိုင်ပေးရတယ်။ဘာလက်နက်မှရလို့ မဟုတ်ဘူး။ PDF တွေကလာတိုက်မှာစိုးလို့”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ ကင်းလှည့်ရာမှာ…

ရေး-ထားဝယ်လမ်းပိုင်းမှာ PDF တွေ ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းမှာ PDF တပ်တွေ ဆက်ကြေးကောက်နေတယ်လို့ စစ်တပ် ဝါဒဖြန့်မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Snow Queen၊ကျော်စွာ၊ဟန်ငြိမ်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေ နဲ့…

စစ်မှုထမ်းခိုင်းတဲ့သူတွေကို တွေ့တဲ့နေရာမှာ ရှင်းလင်းမယ်လို့ ဒေါနစစ်ကြောင်း သတိပေး

ရေး၊ မတ် ၂၃ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသူတွေကို တွေ့တဲ့နေ ရာမှာ ပစ်ခတ်ရှင်းလင်းသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ ဒေါနစစ်ကြောင်း သတိပေးထုတ်ပြန်လိုက်ပါတယ်။ မတ် ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒေါနစစ်ကြောင်းရဲ့ သတိပေးစာအရ ရေးမြို့နဲ့ ထားဝယ်မြို့အတွင်း နေထိုင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေအနေနဲ့ စစ်မှုထမ်းဖို့ အတင်းအ ကြပ်…