နမ့်ခမ်း – မတ် ၂၂

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တအာင်းပြည်နယ် နမ့်ခမ်း၊နမ့်ဆန်၊ မန်တုံ၊နမ္မတူနဲ့ မိုင်းငေါ့မြို့နယ် ပြန်လည်ထူထောင်ရေးအတွက် လူထုနဲ့တွေ့ဆုံပြီး ကျပ်သိန်း ၄၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ပါတယ်။ 

ထောက်ပံ့ငွေတွေကို PSLF/TNLA အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားနဲ့ တာဝန်ရှိသူ တွေက မြို့နယ်အလိုက်ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်မှ ကာယကံရှင်မိသားစုတွေထံ အခမ်း အနားနဲ့ ပေးအပ်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် တအာင်းပြည်နယ် နမ့်ခမ်း၊နမ့်ဆန်၊မန်တုံ၊ နမ္မတူနဲ့ မိုင်းငေါ့မြို့နယ်က နေအိမ်ပေါင်း ၄၂၁ လုံးဝန်းကျင်ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေပြန်လည်ထူထောင်ရေးအတွက် ထိခိုက်ပျက်စီးမှုပေါ်မူတည် ပြီး အဆင့် A၊Bနဲ့ C သတ်မှတ်ကာ ပေးအပ်ခဲ့တာပါ။

နေအိမ်တွေပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်တာနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးသွားခဲ့တဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ ကိုလည်း ထောက်ပံ့ငွေပေးအပ်ခဲ့ပါသေးတယ်။

TNLA ရဲ့ ထိန်းချုပ်မှုအောက်မှာ ကျန်ရှိနေတဲ့ မြို့နယ်တွေမှာလည်း ပြန်လည်ထူထောင်ရေး အတွက် ပေးအပ်ထောက်ပံ့သွားဖို့ ရှိတယ်လို့ အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.