March 22, 2024

စမတ်ဖုန်းဈေးကွက် လက်ဝါးကြီးအုပ်မှုနဲ့ Apple ကုမ္ပဏီ တရားစွဲခံရ

ဝါရှင်တန်၊ မတ် ၂၃ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ကုမ္ပဏီဟာ စမတ်ဖုန်းဈေးကွက်ကို တစ်ဦးတည်း ကြီးစိုး ချယ်လှယ်ထားပြီး ပြိုင်ဘက်တွေကို နင်းချေပစ်နေတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်က တရားစွဲဆိုထားပါတယ်။ တရားရေးဌာနက Apple ကုမ္မဏီဟာ Iphone အက်ပလီကေးရှင်း စတိုးကို ထိန်းချုပ်ပြီး ဖောက်သည်တွေနဲ့ ဆော့ဖ်ဝဲလ်ရေးသူတွေ မြဲနေအောင် ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ယူဆတဲ့…

စစ်ပွဲတွေအဆုံးသတ်ရေး အားလုံးကြိုးပမ်းရမယ်လို့ ပုပ်ရဟန်းမင်းကြီးပြော

ဗာတီကန်၊ မတ် ၂၃ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးမှုကတဆင့် ငြိမ်းချမ်းမှုရှိအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ စစ်ပွဲဆိုတာဟာ အမြဲတမ်း အရှုံးချည်းပဲဆိုတာကို ကျွန်ုပ်တို့ မမေ့သင့်ဘူး။စစ်ပွဲကို ကျွန်ုပ်တို့ ဆက်လက်ဆင်နွှဲလို့မရဘူး။စစ်ပွဲတွေ အဆုံးသတ်ရေး ကြားဝင်ဖြန့်ဖြေဖို့ ညှိနှိုင်းဖို့ အားလုံး ကြိုးပမ်းကြပါလို့ ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့တာပါ။ အသက် ၈၇…

စစ်အာဏာသိမ်း (၁၁၄၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၇၇၁) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၂၃ AAPP ရဲ့ မတ် ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၄၆) ရက်အတွင်း ပြည်သူ (၄၇၇၁ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၃၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မွန်ပြည်နယ်မှာ ခရီးသွားခွင့်ထောက်ခံစာမပါသူတွေ ဖမ်းဆီးငွေညှစ်ခံနေရ

မော်လမြိုင် ၊ မတ် ၂၃ မွန်ပြည်နယ်အတွင်းကနေ အနယ်နယ်အရပ်ရပ်ကို ခရီးသွားလာကြမယ့်သူတွေကို စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ တွေက ထောက်ခံစာပါမပါ စစ်ဆေးပြီး ဖမ်းဆီးငွေညှစ်နေတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေနဲ့ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အရင်ကမှတ်ပုံတင်မူရင်း ပါရှိပါက ခရီးသွားလာခွင့်ပြုထားပေမယ့် အခုနောက် ပိုင်းမှာတော့ ရပ်ကွက်ထောက်ခံစာ ဒါမှမဟုတ် ရဲစခန်းထောက်ခံစာပါရှိမှ ခရီးသွားလာခွင့် ပြုမယ်ဆိုပြီး စစ်ဆေးမှုတွေ လုပ်ဆောင်လာတာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်တွေရဲ့…

စစ်အသုံးစရိတ်ထပ်တိုးဖို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ မတ် ၂၃ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းမှာ နိုင်ငံတော်တည်ငြိမ်‌အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမယ့် အသုံးစရိတ်တွေ ဦးစားပေးသုံးစွဲကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဌဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အ စည်းအဝေးမှာ…

ဖာပွန်စစ်ရှောင်တွေ အကူအညီတွေ လိုအပ်နေတယ်လို့ KNU ပြော

ဖာပွန်၊ မတ် ၂၃ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အခုရက်ပိုင်းထဲ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေယာဉ်နဲ့…

လောင်းလုံးမြို့ပေါ်မှာ စစ်ကားတစ်စီးတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

လောင်းလုံး၊ မတ် ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့ ကကြီးရပ်ကွက်ရှိ မြို့နယ်ခန်းမအနီးမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့ ထံကနေ သိရပါတယ်။ မတ် ၂၇ ရက်နေ့မှာ ပြုလုပ်မယ့် တပ်မတော်နေ့အခမ်းအနားအတွက် လောင်းလုံးမြို့နယ်ခန်းမမှာ ပြင်ဆင်ထားမှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မတ် ၂၁ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။…

သံဖြူဇရပ်မြို့အဝင် တိုးဂိတ်ကို မွန်ပြည်သစ် AD ဝင်တိုက်

သံဖြူဇရပ်၊ မတ် ၂၂ မွန်ပြည်နယ် သံဖြူဇရပ်မြို့အဝင် ဖောင်စိန်ကျေးရွာ တိုးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး တပ်စွဲထားတဲ့ တိုးဂိတ်ကို မနေ့ မတ် ၂၁ ရက်နေ့ ည ၈ နာရီကျော်အချိန်ခန့်မှာ…

TNLA ထိန်းချုပ်နယ်မြေတွေ ပြန်လည်ထူထောင်ရေး ထောက်ပံ့ငွေပေးအပ်

နမ့်ခမ်း – မတ် ၂၂ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တအာင်းပြည်နယ် နမ့်ခမ်း၊နမ့်ဆန်၊ မန်တုံ၊နမ္မတူနဲ့ မိုင်းငေါ့မြို့နယ် ပြန်လည်ထူထောင်ရေးအတွက် လူထုနဲ့တွေ့ဆုံပြီး ကျပ်သိန်း ၄၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ပါတယ်။ ထောက်ပံ့ငွေတွေကို PSLF/TNLA အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားနဲ့ တာဝန်ရှိသူ တွေက မြို့နယ်အလိုက်ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်မှ ကာယကံရှင်မိသားစုတွေထံ အခမ်း အနားနဲ့ ပေးအပ်ခဲ့တာပါ။…

ပြည်တွင်းရွှေဈေး ၄၂ သိန်းအထိ စံချိန်တင် မြင့်တက်

မော်လမြိုင်၊ မတ် ၂၂ တရိပ်ရိပ်မြင့်တက်လာတဲ့ ပြည်တွင်းမီးလင်းအခေါက်ရွှေဈေးနှုန်းဟာ မတ် ၂၂ ရက်နေ့မှာတော့ တစ်ကျပ်သားကို ကျပ် ၄၂ သိန်းအထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုနှစ်ဆန်းပိုင်းက တစ်ကျပ်သား ကျပ် ၃၇ သိန်းကျော်သာရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ မတ်လအတွင်း ကျပ် ၄၂ သိန်းအထိ စံချိန်တင်မြင့်တက်လာပြီး ဈေးနှုန်းအတက်ကြမ်းနေတဲ့ အခြေအနေ…