မင်္ဂလာပါရှင်
သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ကရင်ပြည်နယ်၊မြဝတီမြို့ သင်္ဃန်းညီနောင်တိုင်ပွဲမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ရာနဲ့ချီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ် ပေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းကို ကျော်စွာ၊ဟန်ငြိမ်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေနဲ့ စစ်တပ်လိုဂိုပုံ တင်ထားတဲ့ အကောင့်တုတွေက မတ်လ ၁၄ ရက်နေ့က ဓာတ်ပုံတွေနဲ့ တကွ ဖြန့်ဝေနေတာပါ။
KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် မြဝတီ သင်္ဃန်း ညီနောင် အခြေစိုက် စစ်ကောင်စီ ခမရ ၃၅၆ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီ ဘက်က ၁၁ ဦးသေဆုံးပြီး အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဒူးပလယာခရိုင် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့နဲ့ လွတ်လပ်သော သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ခမရ ၃၅၆ တပ်ရင်းကို မတ်လ ၁၅ ရက်နေ့က KNU တပ်မဟာ ၆ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခဲ့တာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း KNLA ကရင်အမျိုးသားလွတ်ြမောက်ရေးတပ်မတော်နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးအသက်ပေးလှူသွားတယ်လို့ဒူးပလာယာ ခရိုင် သတင်းနဲ့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနမှာတော့ သင်္ဃန်းညီနောင်၊ဖလူး၊ကျိုက်ဒုံနဲ့ အနန်း ကွင်း နေရာအနှံ့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ တစ်ရက်ကို ပျမ်းမျှ အစီးရေ ၂၀ လောက်နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် မြဝတီမြို့အနီးမှာရှိတဲ့ သင်္ဃန်းညီနောင်နဲ့ ဝှေ့ရှမ်း ကျေးရွာတွေမှာ အရပ်သား ထိခိုင်သေဆုံးမှုတွေရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
မဇ္ဈိမသတင်းဌာနမှာတော့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးကာ ထိခိုက်သေဆုံးသူများပြားခဲ့ပြီး လက်နက်ကြီး၊လက်နက်ငယ်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်း ရမိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးအဖွဲ ထုတ်ပြန်ချက်
Karen Information Center-KIC သတင်းဌာနက ဖော်ပြထားသတင်း
မဇ္ဈိမသတင်း ဌာနက ဖော်ပြထားတဲ့သတင်း
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်