မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့နယ် လမ်းဝ သက္ကော့ဂိတ်အနီးတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က အကျဆုံးများတယ်လို့ တောင်ညိုစစ်ကြောင်းထုတ်ပြန်ချက်ဟာ သတင်းမှားဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစါပါတယ်။

ဒီအကြောင်းကို Snow Queen၊ကျော်စွာ၊ဟန်ငြိမ်းဦး၊Saw Ba Maung စတဲ့ ဝါဒဖြန့်မီဒီယာတွေနဲ့ စစ်တပ်လိုဂိုပရိုဖိုင်ထားတဲ့ အကောင့်တုတွေက မတ်လ ၁၇ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့ စတင်ဖြန့် ဝေနေကြတာပါ။

ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့လမ်းဝရှိ သက္ကော့ဂိတ်ကို မတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ က တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာာရရှိခဲ့တယ် လို့ ကစယ့်သူး(တောင်ညိုစစ်ကြောင်း)က သတင်းထုတ်ပြန်ထားကာ ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနနဲ့ လွတ်လပ်သော မီဒီယာတွေမှာ ပြန်လည်ဖော်ပြထားပါတယ်။

ဒေသတွင်းအခြေစိုက် KIC သတင်းဌာနမှာ KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ NUG တောင်ပိုင်း စစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တောင်ညိုစစ်ကြောင်း၊မွန်ပြည်သစ်ခွဲထွက် NMSP – AD စတဲ့ပူးပေါင်းတပ်က လက်လုပ်ဒရုန်းဗုံးသီး ၂ လုံးနဲ့ ပစ်ချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒရုန်းတပ် ဖွဲဝင်တစ်ဦးရဲ့ ပြောဆိုချက်နဲ့ ရေးသားဖော်ပြထားပါတယ်။

PVTV သတင်းဌာနမှာတော့စစ်ကောင်စီတပ်ရဲ့ သက္ကော့ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်း အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ တောင်ညို စစ်ကြောင်းကိုးကားပြီး ရေးသားထားပါတယ်။ 

Karen Information Center- KICသတင်းဌာန ဖော်ပြထားတဲ့သတင်း 

https://mobile.facebook.com/story.php?story_fbid=pfbid0JfPRvWkG87VNEzxyn1qyZYD2eUstRJawVn6DgXEhbzd29ZAyzN58FkQqKKUGkAqDl&id=100064406626483&mibextid=Nif5oz&_rdc=1&_rdr

PVTV သတင်း ဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0qYm7W7Ja1fKno4FiXqg2GckhzY9vTmMxp7UZDFnfLV4o6b4hrb4pAAkdtqy76rB6l&id=100066477263515&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.