March 19, 2024

အင်ဒိုနီးရှားရွေးကောက်ပွဲရလဒ် တရားမဝင်ဘူးလို့ ပြည်သူတွေ ဆန္ဒထုတ်ဖော်

ဂျကာတာ – မတ် ၂၀ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲပြီးဆုံးသွားပေမယ့် တရားဝင်မဟုတ်တဲ့ ရလဒ်ကို ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး အကြမ်းဖက်ပုံစံ ဖြစ်မသွားစေရေးအတွက် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ အင်ဒိုအစိုးရက ရဲတပ်ဖွဲ့ဝင်တွေ ချထားပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ တရားဝင်မဟုတ်တဲ့ ရလဒ်တွေကဖော်ပြထားတဲ့ စစ်ဗိုလ်ချုပ် ဟောင်း ပရာဘိုဝို ဆူဘီယန်တို သမ္မတ ဖြစ်မလာစေရေး ရွေးကောက်ပွဲ အာဏာပိုင်တွေက တားဆီးပေးဖို့ ဆန္ဒပြသူတွေက…

စင်္ကာပူရောက်နိုင်ငံသားတွေ လောင်းကစားမလုပ်ဖို့ တရုတ်အစိုးရ သတိပေး

ဘေဂျင်း၊ မတ် ၂၀ စင်္ကာပူနိုင်ငံရောက်နေတဲ့ တရုတ်နိုင်ငံသားတွေတွေအနေနဲ့ လောင်းကစားမှုအားလုံးကို ရှောင်းရှာကြဖို့ စင်္ကာပူအခြေစိုက် တရုတ်သံရုံးက သတိပေးလိုက်ပြီး ပြည်ပမှာ လောင်းကစားလုပ်တာဟာ တရုတ်ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုထားပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကြား လူကြိုက်များနေတဲ့ အရှေ့တောင်အာရှတဝှမ်း တရုတ်နိုင်ငံသားတွေ လောင်းကစားလုပ်မှုကို နှိမ်နင်းရေး အစိုးရက ကြိုးပမ်းနေချိန်မှာ စင်္ကာပူအခြေစိုက် တရုတ်သံရုံးက အခုလိုကြေညာချက်ထွက်ပေါ်လာတာပါ။ စင်္ကာပူမှာ ကာစီနိုလုပ်ငန်းနှစ်ခုရှိပြီး Las…

စစ်ကောင်စီကျင်းပတဲ့ မွန်ပြည်နယ်နေ့အခမ်းအနား လောင်းကစားဝိုင်း ထည့်သွင်း

မော်လမြိုင်၊ မတ် ၂၀ နှစ် ၅၀ ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနားမှာ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီခွင့်ပြုချက်နဲ့ အကြီးအကျယ် ထည့်သွင်းကျင်းပနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့မတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနားကို အကြောင်းပြပြီး စစ်ကောင်စီဟာ တရားမဝင် လောင်းကစားဝိုင်းတွေကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ကတည်းက ထည့်သွင်းကျင်းပခွင့်ပေးအပ်ထားတာပါ။…

ပြည်သူလူထု ကာကွယ်ဖို့  တိုးမြှင့်ဆောင်ရွက်မယ်လို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြော

ချင်းမိုင် ၊ မတ် ၂၀ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထု ကာကွယ်ဖို့ တာဝန်ရှိတာကို သိရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ (7 EAO Alliance) က မတ် ၁၇ ရက်နေ့မှာ ကြေညာပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့…

ကြာအင်းဆိပ်ကြီး ပိုင်ခလိုင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ အများအပြား ထိုင်းနိုင်ငံထဲ ထွက်ပြေး

ကြာအင်းဆိပ်ကြီး၊ မတ် ၂၀ ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပိုင်ခလိုင်ကျေးရွာဟောင်း မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။ မနေ့မတ် ၁၉ ရက်နေ့ နေ့လည်ပိုင်းအချိန်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၄၈ ဦးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့ အတူ ထိုင်းနိုင်ငံ…

ထားဝယ်ထောင်မှာ အကျဉ်းသား ၂၀ ကျော် ရိုက်နှက်တိုက်ပိတ်ခံရ

ထားဝယ်၊ မတ် ၂၀ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၂၀ ကျော် ရိုက်နှက်တိုက်ပိတ်ခံရတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နဲ့ ၁၅ ရက်နေ့တို့မှာ ထားဝယ်အကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ပူးပေါင်းတပ်ဖွဲ့တွေက…

မကွေးစစ်မှုထမ်း အငှားစျေးကွက် သိန်းဆယ်နဲ့ချီရှိနေ

မင်းဘူး – မတ် ၁၉ မကွေးတိုင်း၊မင်းဘူးခရိုင်းအတွင်း စစ်မှုထမ်းအငှားခေါ်တဲ့စျေးနှုန်းဟာ ကျပ်သိန်း ၄၀ ဝန်းကျင် အထိ ပေါက်စျေးရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မဲနှိုက်ဖို့ လှုံ့ဆော် နေချိန်မှာ အခုလိုစျေးကွက်ဖြစ်လာတာပါ။ “ရွာထဲက ပိုက်ဆံရရင်စစ်မှုထမ်းမယ့်သူတွေကို တစ်ယောက် သိန်း ၄၀ ပေးရမယ်။ တစ်အိမ်ကိုခွဲ တမ်းကျ…

သက္ကော့ဂိတ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမရှိဘူးလို့ စစ်တပ်တင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့နယ် လမ်းဝ သက္ကော့ဂိတ်အနီးတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က အကျဆုံးများတယ်လို့ တောင်ညိုစစ်ကြောင်းထုတ်ပြန်ချက်ဟာ သတင်းမှားဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစါပါတယ်။ ဒီအကြောင်းကို Snow Queen၊ကျော်စွာ၊ဟန်ငြိမ်းဦး၊Saw Ba…

စလင်းမှာ စစ်မှုထမ်းဖို့ နှိုးဆော်နေတဲ့အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စလင်း – မတ် ၁၉ မကွေးတိုင်း၊စလင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ နှိုးဆော်နေတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့ ညပိုင်းက စစ်မှုထမ်းဖို့ နှိုးဆော်နေတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးဆိုသူကို စလင်းမြို့နယ် ပကဖအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီနဲ့ ပူးပေါင်းအာဏာပြနေတဲ့ အုပ်ချုပ်ရေးမှူးဟာ သတိပေးမှုတွေရှိနေတဲ့ ကြားက စစ်တပ်အလိုက…

သရက်ချောင်း ပျူစောထီးစခန်း PDF သိမ်းပိုက်

သရက်ချောင်း၊ မတ် ၁၉ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းတစ်ခုကို ဒီနေ့ မတ် ၁၉ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အင်အား ၁၅ ဦးနီးပါး တပ်စွဲနေထိုင်တဲ့ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့တွေက ဒီနေ့ မနက် ၄ နာရီကျော်အချိန်က စတင်တိုက်ခိုက်ခဲ့ရာ…